ပရဟိတမင်းသမီးခိုင်နှင်းဝေဟာ နေ့စဉ်နေ့တိုင်း အလှူအတန်းများပြုလုပ်ပေးလေ့ရှိတဲ့သူ ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း  သာကေတမြို့နယ်က ကင်ဆာရောဂါ ခံစားနေရတဲ့ အိမ်ထောင်စုလေး ကိုယ်ပိုင်ဆိုင်လေးနဲ့ရပ်တည်နိုင်ဖို့ အတွက် အလှူငွေလေး ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။

Khine Hnin Wai's Facebook

ကင်ဆာရောဂါဟာ အင်မတန်ဆိုးပြီး ကုသဖို့ ခက်ခဲတဲ့ရောဂါဖြစ်တဲ့အပြင် ကုသရန်အတွက်လည်း ပုံမှန်ငွေကြေးတစ်ရပ်ရှိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မင်းသမီးခိုင်နှင်းဝေက အခုလို မိသားစုလေး ကျွမ်းကျင်တဲ့လုပ်ငန်းဖြစ်တဲ့ ဆံပင်ညှပ်ဆိုင်လေး ဆက်လက်ရပ်တည်နိုင်စေဖို့ ဆိုင်ငှားခြင်းနှင့် အခြားလိုအပ်တာလေးတွေ ထောက်ပံ့ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာတော့ အခုလိုလေး ရေးတင်ထားပါတယ်။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

“သာကေတဘက်မှ ကင်ဆာရောဂါ ခံစားနေရပြီး စားဝတ်နေရေး နှင့် ဆေးကုသရန်အတွက် ရေရှည် ရပ်တည်နိုင်ရန် ကျွမ်းကျင် လုပ်ငန်းဖြစ်သော အလှပြင်ဆိုင်ဖွင့်ဘို့ ဆိုင်ခန်းဌားခြင်း နှင့် လိုအပ်သော အကူအညီများ လှူဒါန်းကူညီပေးခဲ့ပါတယ်..ခုနှစ်ရက် သားသမီးများ  အားလုံး ပီတိကုသိုလ် ပွားများ၍ ကြည်နူး စိတ်လေးများ ဖြစ်ကာ သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်...”

Khine Hnin Wai's Facebook

တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်ဆိုင်လေး ဖွင့်နိုင်အောင် ကူညီပေးခဲ့တဲ့ ပရဟိတ မင်းသမီးခိုင်နှင်းဝေရဲ့ အလှူလေးကတော့ တကယ်ကို မွန်မြတ်ပြီး ကြည်နူးစရာလေးပဲနော်။ အကူညီခံရတဲ့ မိသားစုလေးလည်း အရင်ကထက်ပို ဝင်ငွေတွေရရှိပြီး ကျန်းမာရေးလည်းပိုပြီး ကောင်းမွန်သက်သာလာစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

Khine Hnin Wai's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။