အိမ်ထောင်သက် ၁၄ နှစ်သာပြည့်သွားပေမယ့် မင်းသား Kwon Sang-woo နှင့် ဇနီးသည် မင်းသမီး Son Tae-young တို့ကတော့ တကယ့်ကို ကြင်စဦးလေးတွေလိုပါပဲနော်။အောက်တိုဘာလ ၂၉ ရက်နေ့မှာ မင်းသမီး Son Tae-young က သူမရဲ့ SNS စာမျက်နှာမှာ -

“မထင်မှတ်ထားတဲ့  နေ့လည်စာတစ်ခုကို စားဖိုးမှူးတစ်ယောက်ဆီကနေ မြည်းစမ်းခွင့်ရခဲ့တယ်။ ရာသီဥတုလေးကလည်း ဆောင်းတွင်းမြမြလေး”

ဆိုတဲ့ စာသားလေးနဲ့အတူ အမေရိကန်နိုင်ငံ နယူးယောက်မြို့ မှာ ခင်ပွန်းဖြစ်သူ မင်းသား Kwon Sang-woo နှင့် တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို တင်ခဲ့ပါတယ်။

Google
Google

ဓာတ်ပုံလေးတွေက မင်းသား Kwon Sang-woo တစ်ယောက် ဇနီးသည်ဖြစ်သူကို ဖက်ထားပြီး ပန်းခြံတောက်လျှောက် ပျော်ရွှင်စွာ လမ်းလျှောက်နေကြတဲ့ပုံလေးတွေပါ။ လက်ထပ်ထားတာ ၁၄ နှစ်ကြာသွားပေမယ့် အခုထိ အချစ်တွေ နုပျိုလန်းဆန်းနေဆဲဖြစ်တဲ့ သူတို့လင်မယားနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေက ပရိသတ်တွေကိုတောင် မနာလို ဖြစ်သွားစေပါတယ်။ 

Google

Netizen တွေကလည်း အခုလို မှတ်ချက်တွေ ပေးထားကြပါတယ်။

“သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးလေးက အရမ်းကို ကြည်နူးဖို့ကောင်းလိုက်တာ ” ၊ “အချစ်ငှက်စုံတွဲလေးပဲ” ၊ “ကောင်လေးကလည်း ချောချောလေး ကောင်မလေးကလည်း ချောချောလေး” ၊ “အရမ်းကိုလိုက်ဖက်ကြတယ်”  စသည့် မှတ်ချက်လေးတွေ အများကြီးပေးထားကြပါတယ်။

Google

မင်းသား Kwon Sang-woo နှင့် မင်းသမီး Son Tae-young တို့ဟာ ၂၀၀၈ ခုနှစ် ၊ စက်တင်ဘာလ ၂၉ ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သားလေး Rukhee  နှင့် သမီးလေး  Riho နှစ်ယောက်ကိုလည်း ရရှိပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။