ဗုဒ္ဓကားမှာပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ မင်းသား Himanshu Soni ဟာ ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့က  ဗုဒ္ဓဂါယာမှာ ကထိန်သင်္ကန်းကပ်လှူခဲ့တယ်လို့ သိရပါတယ်။

Photo - Ashin Chandramani
Photo - Ashin Chandramani

မင်းသား Himanshu Soni ဟာ ဒီအကြိမ်နဲ့ဆို ဗုဒ္ဓဂါယာကို ရောက်ရှိတာ နှစ်ကြိမ်မြောက်ရှိပါပြီ။ ပထမတစ်ကြိမ်က ၂၀၁၈ ခုနှစ်တုန်းကဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် တုန်းကတော့ ဒီတိုင်း အလည်အပတ် ဘုရားဖူး သဘောအနေနဲ့ပဲ ဗုဒ္ဓဂါယာကို ရောက်ရှိခဲ့တာပါ။ အခုတစ်ခေါက်မှာတော့ ကထိန်သင်္ကန်း ကပ်လှူပွဲပါ ပြုလုပ်နေတာပဲဖြစ်ပါတယ်။

Photo - Ashin Chandramani
Photo - Ashin Chandramani

Himanshu Soni ဟာ အသက် ၃၃ နှစ်အရွယ် အိန္ဒိယသရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့သူဖြစ်ပါတယ်။

Photo - Ashin Chandramani

အိန္ဒိယ မင်းသား Himanshu Soni ဟာ ၂၀၁၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဗုဒ္ဓရုပ်ရှင် ဇာတ်လမ်းတွဲနှင့် လူသိများလာသူဖြစ်ပါတယ်။ Himanshu Soni တစ်ယောက် ဗုဒ္ဓဂါယာကိုရောက်ရှိပြီး ကထိန်သင်္ကန်း ကပ်လှူခဲ့တဲ့ ပုံရိပ်တွေကလည်း လူမှုကွန်ရက် စာမျက်နှာမှာ အရမ်းကို နာမည်ကြီးလျှက်ရှိပါတယ်။

Photo - Ashin Chandramani

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။