ယောဂီ သူတော်စင်အသက် ၈၅ နှစ်အရွယ်အဘွား၏ မကွယ်လွန်ခင် အချိန်တုန်းက မှာကြားချက်အရ အဘွား ရုပ်အလောင်းကို ဆေးမစိမ် မီးမရှို့ ဆေးမထိုးဘဲ ဒီတိုင်းထားသော်လည်း အဘွား၏ ရုပ်အလောင်းမှာ ၉ နှစ်ကြာရှိသွားသည့်တိုင် မပျက်စီးသွားဘူးလို့ သိရပါတယ်။ သိပ္ပံနည်းအရ အဖြေမပေါ်နိုင်သည့် ထူးခြားလှသည့် အဘွားတည်ရှိရာနေရာမှာ မွန်ပြည်နယ် ၊ ကျိုက်မရောမြို့ ၊ နတ်စမ်းရွာရှိ ယောကျောင်းအမည်ရ နေရာတွင် ဖြစ်တယ်လို့ သိရပါတယ်။

   Credit to Original Uploader

အဘွားရှိရာနေရာနှင့်ပတ်သတ်ပြီး စာရေးသူ ရဟန်းကို သူငယ်ချင်းဖြစ်သူ ရဟန်းမှ သူ အသုဘကမ္မဋ္ဌာန်းလေ့ရှိရာနေရာဖြစ်တဲ့ အဘွားရုပ်အလောင်းရှိရာနေရာကို ခေါ်သွားရင်းနှင့် သိရှိခွင့်ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ယောဂီ အဘွား မသေခင်က အခုလိုမှာကြားခဲ့ဖူးတယ်လို့လည်းရှိရပါတယ်။

   Credit to Original Uploader
   Credit to Original Uploader

“၈၅ နှစ်အရွယ် အမျိုးသမီးကြီး မသေခင်က အမျိုးသမီးကြီး၏ မှာကြားချက် ၄ ချက်ရှိသည်။

"သားရဟန်း…” မယ်တော်သေရင်လေ…

မီးမရှို့နဲ့၊ ဂူမသွင်းနဲ့၊ မြေမမြှုပ်နဲ့၊ ရေမမျှောနဲ့ ဟူ၏။

ဒီလေးချက်ကို မတတ်နိုင်ရင် ဖျာစုတ်နဲ့ ထားပေး၊ (သို့မဟုတ်) သစ်ပင်ခွကြား ထားပေးနော်။”

   Credit to Original Uploader
   Credit to Original Uploader
   Credit to Original Uploader
   Credit to Original Uploader

အဘွားကွယ်လွန်သွားချိန်မှာ အသက် ၈၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး မကွယ်လွန်ခင်အချိန်အထိ သီလအားကောင်းစွာ ကျင့်ကြံမှုများ ဆောင်ရွက်ခဲ့သည့် အဘွားဖြစ်သည်ဟု သိရှိရပါတယ်။ အဘွား၏ ရုပ်အလောင်းမှာ အခုချိန်တွင် ၉ နှစ်တိုင်တိုင်တည်ရှိခဲ့ပြီပဲဖြစ်ပါတယ်။

   Credit to Original Uploader
   Credit to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။