အောက်တိုဘာ ၂၈ရက်နေ့မှာ Mark Prinဟာ သူ့ရဲ့ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ Game of Outlaws ရဲ့ ဖွင့်ပွဲကို တက်ရောက်လာခဲ့ပါတယ်။

Photo Credit - Google

သူဟာ ထိုင်းမီဒီယာတစ်ခုဖြစ်တဲ့ Thai V3 Entertainment တစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ Kimmy နဲ့ချစ်သူ့သက်တမ်း ၈နှစ်ပြည့်အကြောင်းလေး ဖြေကြားပေးခဲ့ပါတယ်၊၊Mark Prin နဲ့ Kimmy Kimberley တို့အတွဲလေးဟာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြပြီး လက်တွဲလာတာဆိုရင် အခုဆိုရင်  ချစ်သူသက်တမ်း ၈နှစ်ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit - Google

သူတို့နှစ်ဦးရဲ့ ချစ်သူ့သက်တမ်း ၈နှစ်ပြည့်ရဲ့ အထိမ်းအမှတ်နေ့လေးမှာ Mark Prin ဟာ သူမြတ်နိုးတန်ဖိုးထားရတဲ့ ကောင်မလေး Kimmy နဲ့ ပျော်စရာကောင်းတဲ့အချိန်တွေကို ကုန်ဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

Photo Credit - Google

Mark Prinဟာ အဲဒီနေ့က သူတို့နှစ်ယောက်အတွက် အရမ်းလှပတဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့သလို Kimmy ကို လက်ထပ်ခွင့်တောင်းဖို့ စဥ်းစားခဲ့တယ်လို့လည်း ဆိုပါတယ်။Mark Prin ရဲ့ဇာတ်လမ်းတွဲသစ်လေးဟာ မကြာခင်ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပြီး ဇာတ်လမ်းတွဲသစ်လည်း မကြာခင်ရိုက်ကူးရမှာ ဖြစ်တာကြောင့် သူလက်ထပ်ခွင့်မတောင်းရသေးဘူးလို့ ဆိုထားပါတယ်။ အချိန်ကောင်းအခွင့်ကောင်းရှိတာနဲ့ သူ့ကို ကျွန်တော် လက်ထပ်ခွင့်‌ တောင်းတော့မယ်လို့လည်း ဆိုပါတယ်။ Mark Prin တစ်ယောက် Kimmy နဲ့ တစ်ဘဝလုံးလက်တွဲပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိို တည်ဆောက်တော့မှာပါတဲ့။Mark Prin နဲ့ Kimmy တို့ရဲ့မင်္ဂလာသတင်းလေးကို စောင့်မျှော်နေပါပြီနော်....

Photo Credit - Google

သတင်းအရင်းမြစ်: Thai Update

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။