ယမန်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့ ဟော်လိုးဝင်းနေ့ ညက ဂျိုကာဝတ်စုံဝတ်ထားတဲ့ လူငယ်အမျိုးသား တစ်ယောက်က ရထားပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ ခရီးသည်များကို ဓားဖြင့်လိုက်လံထိုးခဲ့ပါတယ်။ ဓားဖြင့် လိုက်လံထိုးမှုကြောင့် စီးနင်းလိုက်ပါလာတဲ့ ခရီးသည်များ အလန့်တကြားဖြင့် ရထားပြတင်းပေါက်များမှ ကျော်ခွ ထွက်ပြေးခဲ့ကြရပါတယ်။ အဆိုပါလူငယ်ဟာ ဓားဖြင့်လိုက်လံထိုးခဲ့ပြီးနောက် ရထားတွင်း၌ မီးပါထပ်မံရှို့ ခဲ့တယ်လို့ သိရပါတယ်။

Google

တိုကျိုမီးသတ်ဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ ခရီးသည် ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ ဦး အရေးပေါ် အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ ဓားဖြင့်လိုက်လံထိုးနှံခဲ့သည့် အမျိုးသားမှာ အသက် ၂၄ နှစ်အရွယ်ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှာပဲ အဖမ်းခံရခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ခဲ့သူ အသက် ၂၄ နှစ်အရွယ်အမျိုးသားကို ဘာကြောင့် လူတွေကို ဓားဖြင့် ထိုးခဲ့ရတာလဲမေးကြည့်ခဲ့ချိန်မှာတော့ သူဟာ လူအရမ်းသတ်ချင်ပြီး သေဒဏ်အပေးခံချင်တာကြောင့် အခုလို ရထားပေါ်ဓားထိုးမှုမျိုးကို ဥပမာအနေနဲ့ လုပ်ကြည့်လိုက်တာ ဖြစ်တယ်လို့ ဖြေထားပါတယ်။ လုံးဝကို စိတ်တ္တဇပဲနော် ..

Google

တိုကျိုရဲအရာရှိတွေရဲ့ အဆိုအရ တိုက်ခိုက်မှုဖြစ်စဉ်က Kokuryo ဘူတာအနီးက Keio ရထားအတွင်းမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ အခင်းဖြစ်ပွားပွားချင်းမှာပဲ မီးသတ်သမားတွေ ရဲတွေ အများကြီး ရောက်ရှိလာပေမယ့် လူဆယ်ဂဏန်းကျော်လောက် ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။ မျက်မြင်တွေ့ရှိသူတွေရဲ့ အဆိုအရ ကျူးလွန်သူအမျိုးသားဟာ လူတွေကို ဓားဖြင့်ထိုးပြီးနောက်မှာ အသင့်ပါလာသော ပလက်စတစ်ဗူးထဲမှ ဆီများကို ထိုင်ခုံမှာ လောင်းချပြီး မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ ဝုန်းခနဲဆိုပြီး မီးတွေပါ လောင်လာတာကြောင့် ခရီးသည်အများစုက ရထားရဲ့ ပြတင်းပေါက်တွေပေါ်ကနေ ခုန်ကျော်ပြီး အပြင်ကို ထွက်ပြေးခဲ့ရပါတယ်။ရထားပေါ်ပါ ခရီးသည်တစ်ယောက်ကတော့ အခုလို ဆိုထားပါတယ်။

Google

“ရထားတံခါးတွေကလည်း အကုန်ပိတ်ထားတယ်။ ဘာဖြစ်လို့ ဖြစ်မှန်းလည်း မသိဘူး။ အရမ်းကြောက်လွန်းလို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိလို့  ရထားပြတင်းပေါက်တွေပေါ် ကျော်တတ်ပြီး အပြင်ရောက်အောင်ထွက်ခဲ့ရတယ်။ အရမ်းကြောက်ဖို့ကောင်းပါတယ်။” 

-     Kimura

Google

အခင်းဖြစ်ပွားရာ ရုပ်သံဖိုင်ကိုအောက်မှာ ဝင်ရောက်ကြည့်ရှုသွားနိုင်ပါတယ်။ အခုလို တိုကျိုရထားတွင်း ဓားထိုးမှုက နှစ်လတာအချိန်ကာလအတွင်း ဒုတိယအကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သြဂုတ်လတုန်းကလည်း အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး ခရီးသည် ၁၀ ယောက်ကို ဓားထိုးမှု ဖြစ်ပွားခဲ့ပါသေးတယ်။ ရထားတွင်း ဓားထိုးမှုများကတော့ ဂျပန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်လေ့ဖြစ်ထရှိတဲ့ ကြောက်စရာ မှုခင်း ဖြစ်စဉ်များ ဖြစ်ပါတယ်။

Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။