အမေရိကန်နိုင်ငံမှာ Halloween နေ့ မရောက်ခင် Halloween အကြိုပွဲတော်မှာကတည်းက အရမ်းကို စည်ကားလျှက်ရှိပါတယ်။  ကိုဗစ်ကူးစက်မှုနှုန်းတွေ ကျဆင်းလာတာကြောင့် ဒီနှစ်ရဲ့  Halloween ပွဲတော်ကြီးဟာ အမေရိကန်နိုင်ငံမှာ ပိုပြီး စည်ကားလာတော့မှာပါ။

CGTN
CGTN

ပြည်သူတွေအနေနဲ့နဲ့ အပျော်တွေ တိုးပြီးရင်းတိုးပါပဲ။ အမေရိကန်နိုင်ငံ နှင့် အခြားနိုင်ငံတွေမှာ Halloween ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိပေမယ့် ဒီနှစ် ၂၀၂၁ ခုနှစ်မှာတော့ ကိုဗစ်ကူးစက်မှုနှုန်း ကျဆင်းလာတာကြောင့် အရင်နှစ်တွေကထက် ပိုပြီးပျော်စရာကောင်းလာတော့မှာပါ။ Halloween ပွဲတော်မှာ ထွက်လာလေ့ရှိတဲ့ Trick-or-treater လေးတွေအနေနဲ့လည်း အရင်နှစ်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် သကြားလုံးလေးတွေ လိုက်တောင်းနိုင်တော့မှာ ဖြစ်ပါတယ်။

CGTN

ခရစ်ယာန်ဘာသာဝင်များက ကောင်းကင်ဘုံသို့ သွားကြသူများကို ဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာလ ၁ ရက်နေ့မှာ All Saints Day လို့ခေါ်သည့် ပွဲကို ကျင်းပကြပါတယ်။ All Saints Day ကို All Hallows Day လို့လည်း ခေါ်ကြပါတယ်။ Hallow က သန့်ရှင်းစင်ကြယ်ခြင်း အထွတ်အမြတ်ထားအပ်သော မြင့်မြတ်သောလို့ အဓိပ္ပါယ် ရပါတယ် ။  All Saints နေ့ မတိုင်ခင် တစ်ရက် အောက်တိုဘာလ ၃၁ ရက်နေ့ကို  All Hallows Eve လို့ ခေါ်ဆိုခဲ့ရာကနေ နောက်ဆုံးမှာတော့ Halloween လို့ ခေါ်ခဲ့ကြတာဖြစ်ပါတယ်။

Google
CGTN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။