ပြည်သူ့အလှမယ်လေး ထားထက်ထက်ဟာ လွတ်မြောက်နယ်မြေတစ်နေရာကနေ ပြည်သူတွေအတွက် အတတ်နိုင်ဆုံး ကြိုးစားပေးနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ တောထဲတောင်ထဲရောက်ရှိနေတဲ့ သူမဟာ ကျန်းမာရေး အခြေအနေ ရာသီဥတုအခြေအနေ နေရာဒေသ အခြေအနေများကြောင့် အရင်ကလိုမျိုး နူးနူးညံ့ညံ့ ထားထက်ထက် ပုံစံမျိုးမဟုတ်တော့ဘဲ ဆံပင်လေးတွေတောင် တိုသွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ ခန္ဓာကိုယ် အချိုးအစား မြင့်မားတဲ့အရပ်လေးနဲ့ ဆံပင်တိုလေးက အရမ်းကို လိုက်ဖက်မှုရှိနေတုန်းပဲ ဖြစ်ပါတယ်။

Htar Htet Htet's Facebook

ဒါ့အပြင် မနာလိုသူတွေ ၊ အတိုက်အခိုက်တွေရဲ့ သွားပုတ်လေလွင့် ပြောဆိုချက်တွေဖြစ်တဲ့ “ထားထက်ထက်တစ်ယောက် ကိုယ်ဝန်ရှိနေပြီဆိုတဲ့” မဟုတ်မမှန် လုပ်ကြံပြောဆိုမှုတွေကိုလည်း သူမရဲ့ လူမှုစာမျက်နှာမှာ အခုလို ပြန်လည် ဖြေရှင်းထားပေးထားပါတယ်။

Htar Htet Htet's Facebook

“ကိုယ်ဝန်ရှိနေတာမဟုတ်ပါဘူး။ ဒီမြေဒီရေမှာပါပဲ။ ကျန်းမာရေးနဲ့ရာသီဥတု အခြေအနေကြောင့်

 မြတ်နိုးရတဲ့ ဆံပင်လေးတွေ တို သွားခဲ့ရပါပြီ” လို့ဆိုထားပါတယ်။ 

Htar Htet Htet's Facebook

အလှမယ်ထားထက်ထက်ရဲ့ အရင်တုန်းကဆံပင်ပုံစံလေးနဲ့  အခုဆံပင်ပုံစံလေးကိုပါ နှိုင်းယှဉ်ပြီးပြထားပေးပါတယ်။ ဆံပင်အရှည်တုန်းက တစ်မျိုးလေး  ချစ်ဖို့ကောင်းသလို အခု ဆံပင်လေး တိုသွားတော့လည်း ပိုလှပြီး ပုံစံတစ်မျိုးလေးနဲ့ ချစ်ဖို့ကောင်းနေတုန်းပါပဲနော်။

Htar Htet Htet's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။