မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးမှ ကိုရင်လေး ဝရုဏဗုဒ္ဓကို “ဆရာတော်ကြီး” လို့ ခေါ်ဝေါ်ခဲ့ပါတယ်။ ဒါကို ဆရာတော်ကြီးရဲ ဗျာဒိတ်တစ်ခုအလား မှတ်ယူထားကြပါတယ်။ ဆရာတော်ကြီးက ကိုရင်လေး ဝရုဏဗုဒ္ဓိကို ဤအချက်တွေကို ကြည့်ပြီး “ဆရာတော်ကြီး"ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Credit to Original Uploader
Credit to Original Uploader

ကိုရင်ဝရုဏဗုဒ္ဓိ

ဥပဓိသပ်ပါယကိုကြည့်သောအားဖြင့်

နောင်တစ်ချိန်ထွန်းတောက်လာမည့်

ကိုရင်၏ အတိတ်နိမိတ်ထင်ပါ၏

မျက်လုံး၏တည်ကြည်ခြင်း

မျက်နှာတော်၏ သပ္ပါယ်ခြင်း

ရဲရင့်သောအကြည့်ရှိခြင်း

ပြတ်သားသောဟန်ပန်ရှိခြင်း

အသားအရည်၏ကောင်းခြင်း

နဖူး၏ပညာရှိပုံကိုပေါ်လွင်ခြင်း

အရိုး၏ကောင်းခြင်း

ပညာရှိသူတော်ကောင်းကိုဖူးမြှော်လှူဒါန်းခွင့်ရခြင်း

ရဟန္တာတစ်ပါး၏ကောင်းချီးပေးခြင်းကိုရရှိခြင်း

ကြိုတင်နိမိတ်ပြသခြင်းအစရှိသည်ဖြင့်

နောင်တစ်ချိန်

သာသနာ့အာဇာနည်ကြယ်တစ်ပွင့်

ဖြစ်မည်ဟုထင်မြင်ယူဆမိပါ၏

ကိုရင်ဆိုတာ သာသနာ့ မျိုးစေ့တွေ...ရဟန်းဆိုတာ

သာသနာ့ သစ်ပင်တွေ ဖြစ်ပါတယ် ။

သာသနာ့ သစ်ပင် ရဟန်းတော်တွေ များပြားလေလေ လောကကြီး

အရိပ်ရလေလေ အေးမြလေလေ ဖြစ်ပါတယ် ။

သာသနာ့သစ်ပင် ရဟန်းတွေ ရှင်သန်စေဖို့ မပျက်စီးစေဖို့

ပြုစုခြင်း စောင့်ရှောက်ခြင်း လှူဒါန်းခြင်း ပြုကြရမှာ ဖြစ်သလို

သာသနာ့မျိုးစေ့ ကိုရင်တွေ ရှင်သန်စေဖို့ မပျက်စီးစေဖို့

ပြုစုခြင်း စောင့်ရှောက်ခြင်း လှူဒါန်းခြင်း ပြုကြရမှာ ဖြစ်ပါတယ် ။

မျိုးစေ့ကောင်းရှိမှ သစ်ပင်ကောင်းဆိုတာ ဖြစ်လာတာ ။

ကိုရင်ပျောက်ရင် ရဟန်းပျောက်မယ် ။ရဟန်းပျောက်ရင် သာသနာပျောက်မယ် ။သာသနာပျောက်ရင် ဆင်းရဲကြမယ် ။

ဒါ့ကြောင့် သာသနာ့မျိုးစေ့နဲ့ တူသော

"ကိုရင်များကို ပစ်မထားပါနဲ့"

Credit to Original Uploader

ဤကဲ့သို့မိန့်တော်မူကာ ကိုရင်ဝရုဏဗုဒ္ဓိ ကို မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ “ဆရာတော်ကြီး” ဟုခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပါတယ်။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ ဗျာဒိတ်တော်အရဆိုရင် ကိုရင်လေး ဝရုဏဗုဒ္ဓိဟာ နောင်တစ်ချိန်မှာ သာသနာတော်ရဲ့အာဇာနည် ရဟန်းတစ်ပါး ဖြစ်လာနိုင်ပါတယ်။

Credit to Original Uploader
Credit to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။