ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာရှိတဲ့ နေရာတစ်ခုဟာ တစ်ချိန်တစ်ခါက စစ်မြေပြင်ကြီးဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ လည်ပတ်လေ့လာစရာ နေရာတစ်ခု ဖြစ်လို့ နေပါပြီ။ လည်ပတ်စရာ စစ်မြေပြင်နေရာကြီးမှာ ၁၉၄၈ ခုနှစ်က ဗီယက်နမ်စစ်သားတွေရဲ့ မြေအောက်ဥမင်တွေ အများအပြားရှိပါတယ်။ အဲဒါကြောင့်  အဲဒီနေရာကို  ချူချီဥမင်လှိုဏ်ခေါင်းများလို့ လူသိများပြီး ဟိုချီမင်းရဲ့ စစ်ပြတိုက်ကြီးလို့လည်း ခေါ်ဝေါ်ကြပါတယ်။

Google

စစ်မြေပြင်နေရာကြီးမှာ ကီလိုမီတာ ၁၂၀ ကျော်ရှိတဲ့ မြေအောက်ဥမင်တွေအပြင် ထောင်ချောက်တံခါးများ ၊ မီးဖိုချောင်များ ၊ ဂိုထောင်များ ၊ လက်နက်တိုက်များ ၊ ဆေးရုံများ နှင့် ကွပ်ကဲရေးစင်တာများလည်း ရှိပါတယ်။ ခရီးသွားအများစုဟာ ဗုံးခိုကျင်း ဥမင်လှိုဏ်ခေါင်းတွေထဲဝင်ပြီး မွန်းကျပ်တဲ့ခံစားချက်ကို ခံစားကြည့်ကြပါတယ်။  အကြောင်းရင်းကတော့ ဗုံးအကြဲခံရရင် ခံစားရတဲ့ ခံစားချက်မျိုးကို ရရှိချင်တာကြောင့်လို့ သိရပါတယ်။

Google
Google

ချူချီဥမင်လှိုဏ်ခေါင်းများဟာ တစ်ချိန်တစ်ခါက ပြင်သစ်နှင့် ဗီယက်နမ်စစ်သားများ အပြန်အလှန် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ စစ်မြေပြင်ကြီးဖြစ်ပြီး ပြင်သစ်ဘက်က ဗုံးတွေကျဲချရင် ဗီယက်နမ်စစ်သားများဟာ ဗုံးခိုတဲ့အနေနဲ့ လှိုဏ်ခေါင်းတွေထဲမှာ နေကြပါတယ်။ အခုလက်ရှိမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့စည်ကားနေတဲ့ ချူချီဥမင်လှိုဏ်ခေါင်းများ တည်ရှိရာနေရာကြီးဖြစ်လို့ နေပါပြီ။

Google
Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။