ဟောလိဝုဒ်သရုပ်ဆောင် အမေရိကန် မင်းသားကြီး Johnny Depp ကို အားလုံးပဲသိကြမှာပါနော်။ ဟောလိဝုဒ်နာမည်ကျော် မင်းသားကြီး Johnny Depp ဟာ ကျရာဇာတ်ရုပ်မှာ ပြည့်စုံကောင်းမွန်တာထက်ပိုပြီး သရုပ်ဆောင်နိုင်တဲ့သူဖြစ်တာကြောင့် ဆုတွေလည်း အများကြီး ရရှိထားတဲ့သူဖြစ်ပါတယ် ။ Johnny Depp ဟာ အရမ်းသဘောကောင်းသလို စိတ်ကောင်းလည်းရှိတာကြောင့် လူချစ်လူခင်လည်း အရမ်းကို ပေါများတဲ့သူဖြစ်ပါတယ်။ အရမ်းကို အောင်မြင်နေတဲ့ မင်းသားကြီး  Jonny Depp ဟာ ဇနီးဟောင်း Amber Heard နှင့် လက်ထပ်ပြီးတဲ့အချိန်မှာတော့ သူ့ရဲ့ဘဝကြီးဟာပြောင်းလဲသွားခဲ့ပါတယ်။

Google

Johnny Depp နှင့် ဇနီးဟောင်း Heard တို့ဟာ ၂၀၁၅ ခုနှစ်မှာ LA က နေအိမ်မှာပဲ အကျဉ်းချုံးလက်ထပ်ခဲ့ကြတဲ့ သူတွေဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ဇနီးဟောင်းဖြစ်သူ Heard က Johnny Depp ဟာ သူမကို ရုပ်ပိုင်းဆိုင်ရာထိခိုက်အနိုင်ကျင့်မှု ကျူးလွန်ခဲ့တယ်လို့ ဆိုကာ တရားစွဲဆိုခဲ့ပါတယ်။ Johnny ဟာ အရက်သောက်ထားချိန် (သို့) မူးယစ်ဆေးဝါးသုံးစွဲထားချိန်မှာ သူမကို ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့် နှိပ်စက်မှုတွေ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နှင့် တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။

Google

ကွာရှင်းမှုလျှောက်ထားချိန်မှာလည်း Johnny Depp က သူမရဲ့မျက်နှာကို ဖုန်းနှင့်ရိုက်တာကြောင့် မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာများ ရရှိသွားတယ်လို့ ဆိုပါသေးတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးတွေ့ရှိမှုတွေအရ အခင်းဖြစ်ပွားရာနေရာမှာ ဘာရာဇဝတ်မှုမှ ကျူးလွန်ခဲ့တာမျိုး မရှိဘူးလို့ အတည်ပြုနိုင်ခဲ့ပါတယ်။ Johnny Depp ဟာ ဇနီးသည်ရဲ့ စွပ်စွဲချက်တွေအတွက် နှုတ်ဆိတ်နေခဲ့ပြီး ဘာမှထိရောက်တဲ့ ဖြေရှင်းမှုမျိုးတွေလည်း မပေးခဲ့ရှာပါဘူး။ Johnny Depp ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ ဇနီးသည်ဖြစ်သူ Heard ဟာ ငွေကြေးဆိုင်ရာ အခက်အခဲတွေကြောင့် Johnny Depp ဆီက လျော်ကြေးငွေ တောင်းခံချင်တာကြောင့် အခုလို မှန်ကန်ခြင်းမရှိတဲ့ တရားစွဲဆိုမှုမျိုး ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

Google

ဇနီးဟောင်းဖြစ်သူရဲ့ စွပ်စွဲမှုတွေကြောင့် Johnny Depp တစ်ယောက် Pirates of the Caribean မှာ Jack Sparrow  အနေနဲ့ ပါဝင်ခွင့် တားမြစ်ခံခဲ့ရပါတယ်။ Caribean ဇာတ်လမ်းမှာလည်း Cameo အဖြစ်ပါဝင်ခွင့်ကို တားမြစ်ခံခဲ့ရပါတယ်။ WB ဘက်ကလည်း Grindelwald နေရာကနေ နှုတ်ထွက်ဖို့ ဖိအားပေးတာကြောင့် နှုတ်ထွက်ခဲ့ရပါတယ်။ Disney ဘက်ကလည်း လုံးဝကို သူ့တို့ဇာတ်လမ်းတွေမှာ ပါဝင်ရိုက်ကူးဖို့ တားမြစ်လိုက်ပါတယ်။ ၂၀၂၀ ခုနှစ်ကတော့ Johnny Depp အတွက်လုံးဝကို ကပ်ဆိုက်ခဲ့တဲ့ နှစ်ကြီးတစ်နှစ်ပါပဲ။

Google

ဆုံးရှုံးမှုတွေများလွန်းခဲ့ပေမယ့် တရားရုံးမှာတော့ အနိုင်နဲ့ပိုင်းနိုင်ခဲ့ပါတယ်။ ဇနီးသည်ဖြစ်သူဟာ မဟုတ်မမှန်တဲ့ စွပ်စွဲချက်တွေနဲ့ ဇာတ်လမ်းဆင်ခဲ့တယ်ဆိုတာကြောင့် Johnny Depp ကြီးတစ်ယောက် အမှုနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Johnny Depp ကြီးတစ်ယောက်ကတော့ ဇနီးရွေးချယ်မှု မှားယွင်းခဲ့တယ်လို့ ဆိုရမှာပါ။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။