၁၉ လမ်း ခိုင်ထူး (သို့မဟုတ် ) ဦးထွန်းရွှေလို့ခေါ်တဲ့ အဆိုဝါသနာရှင် ဦးလေးကြီးဟာ သူ့ရဲ့ ဝါသနာပါရာ အဆိုပညာနှင့် အဆိုတော် ခိုင်ထူး ၊ အဆိုတော် မင်းအောင် ၊ အဆိုတော် စိုင်းထီးစိုင် သီချင်းတွေကို သီဆိုရင်း အသက်မွေးဝမ်းကျောင်း ပြုတဲ့သူဖြစ်ပါတယ်။ လှည်းတန်းက ဦးခိုင်ထူး ၊ ၁၉ လမ်းက ဦးခိုင်ထူးလို့ ပြောလိုက်ရင် မသိတဲ့သူမရှိလောက်တဲ့အထိ လူသိများတဲ့သူဖြစ်ပါတယ်။ ကိုဗစ်ကာလ ဈေးဆိုင်တန်းတွေပိတ်ပြီး လူတစ်ယောက်မှ မရှိတော့တဲ့အချိန်မှာတောင် ၁၉ လမ်းဦးခိုင်ထူးရဲ့ သီချင်းသံတွေဟာ ပျံ့လွင့်လို့နေဆဲပဲဖြစ်ပါတယ်။

Youtube

၁၉ လမ်း ဦးခိုင်ထူးဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် လက်ထဲမှာ ဂီတာတစ်ခုတည်းသာကိုင်ထားပြီး သူဝါသနာပါရာ သီချင်းတွေကို သီဆိုရင်း လမ်းတကာကို ခြေလျင်လျှောက်သွားတတ်တဲ့သူဖြစ်ပါတယ်။ အနုပညာကို ဗန်းပြပြီး တောင်းစာတာမျိုးမလုပ်ဘူးဆိုတဲ့ သူ့ရဲ့ခံယူချက်ကြောင့် သီချင်းနားထောင်သူတွေအနေနဲ့ ဦးခိုင်ထူးကို ဆုချီးမြှင့်ချင်ရင် အိတ်ကပ်ထဲပိုက်ဆံလာထည့်ပေးမှသာ လက်ခံတယ်လို့ သိရပါတယ်။ ဦးခိုင်ထူးဟာ ၁၉၈၈ ခုနှစ်လောက်ကစပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့မှာ သီချင်းလေးတွေ သီဆိုဖျော်ဖြေခဲ့တဲ့သူဖြစ်ပါတယ်။ 

Youtube

လမ်းသွားလမ်းလာရင်း ကြုံကြိုက်လို့များ နွမ်းပါးတဲ့ဂီတာလေးတစ်လုံးနဲ့ခိုင်ထူး သီချင်းသံလွင့်လွင့်လေး သီဆိုနေတဲ့ ၁၉ လမ်း ဦးခိုင်ထူးနဲ့တွေ့ခဲ့ရင် ဆုတော်ငွေလေး သဒ္ဓါသလောက် ဆုချပေးခဲ့ကြပါနော်။ ခေတ်ကာလ အခြေအနေကြောင့် ၁၉ လမ်းဦးခိုင်ထူးတစ်ယောက်လည်း စားဝတ်နေရေးတော်တော်လေး အဆင်မပြေဖြစ်နေတယ်လို့ ကြားသိရပါတယ်။ ဒါကြောင့် ၁၉ လမ်း ဦးခိုင်ထူးကို ကူညီချင်လို့ပဲဖြစ်ဖြစ် ဆိုင်မှာ ဖိတ်ခေါ် ဖျော်ဖြေခိုင်းချင်လို့ပဲဖြစ်ဖြစ် ကူညီပေးချင်တယ်ဆိုရင် ဖုန်းနံပါတ် - 09447076217 ကိုဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။ အနုပညာကြေးကလည်း ကန့်သတ်ထားတာ မရှိဘဲ စေတနာရှိသလောက်လေးပါပဲတဲ့။

Youtube
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။