ဘောလိဝုဒ်စူပါစတား Shuh Rukh Khan ရဲ့ သားဖြစ်သူ Aryan Khan ဟာ ဇိမ်ခံသင်္ဘောပေါ်က မူးယစ်ဆေးဝါး အမှုကိစ္စနှင့် အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတာ သုံးပတ်ကြာရှိနေပါပြီ။ သုံးပတ်ကြာပြီးနောက်မှာတော့ အာမခံကို ဘုံဘေတရားရုံးက လက်ခံပေးလိုက်ပြီပဲဖြစ်ပါတယ်။ Arbaaz ကုန်သည်နှင့် Munmum Dhamecha တို့လည်း အာမခံရရှိသွားကြတယ်လို့ သိရပါတယ်။

Google

NCB တရားရုံးကနေ ယခင်အာမခံတင်သွင်းမှုတွေကို ငြင်းဆန်ခဲ့တာကြောင့် Aryan Khan တစ်ယောက် မွမ်ဘိုင်း မြို့မှာရှိတဲ့ Arthur Road အကျဉ်းထောင်မှာ သုံးပတ်ခန့် နေထိုင်ခဲ့ရပါတယ်။

Google

Aryan Khan ရရှိသွားတဲ့ အာမခံရဲ့ အသေးစိတ်အမိန့်ကို  တရားရုံးဘက်က မနက်ဖြန်မှာ ထုတ်ပြန်မယ်လို့ သိရှိရပါတယ်။  အမိန့်မရမချင်း Aryan Khan ၊ Arbaaz နှင့် Munmun တို့ သုံးယောက်စလုံး  အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာမှာ မဟုတ်ပါဘူး။ 

Facebook

အာမခံရရှိသွားပြီဆိုတော့ ပြန်လွတ်လာဖို့ကတော့ သေချာနေပါပြီ။ အမိန့်ထုတ်ပြန်ချက် တရားဝင်ရရှိပြီးရင်တော့ Aryan Khan တို့ သောကြာ သို့မဟုတ် စနေနေ့ သို့မဟုတ် တစ်ပတ်အတွင်း အကျဉ်းထောင်မှ လွတ်မြောက်လာလိမ့်မယ်လို့ သိရပါတယ်။ Shuh Rukh Khan  တစ်ယောက်လည်း သားဖြစ်သူ အာမခံရရှိသွားတာနဲ့ပတ်သတ်ပြီး အရမ်းကို ပျော်ရွှင်ဝမ်းသာနေပါတယ်။Aryan Khan အာမခံရရှိသွားတဲ့ ဗီဒီယိုလေးကို အောက်မှာကြည့်ရှုသွားနိုင်ပါတယ်။

Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။