အခုလတ်တလော ထွက်ပေါ်လာတဲ့ သတင်းတွေ အရ Facebook  ကMetaverse ဆိုတဲ့ နာမည်ကိုမနက်ဖြန်  နံနက် ၁၀နာရီ အချိန်မှာ ပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေ  ထွက်ရှိနေပါတယ်။ 

တကယ်တော့ Metaverse ဆိုပြီး Facebook application ရဲ့နာမည်ကိုပြောင်းလဲမှာ မဟုတ်ပါဘူး။ Facebook,Inc. ဆိုတဲ့Facebook ကိုပိုင်တဲ့ ကုမ္ပဏီ နာမည်ကိုသာပြောင်းလဲမှာဖြစ်ပါတယ်။  Mark Zuckerberg ကသူ့ရဲ့ကုမ္ပဏီနာမည်ကိုအရင်ကတည်းက "Social Media " ကုမ္ပဏီကနေ" Metaverse" ကုမ္ပဏီအဖြစ်ပြောင်းလဲချင်တဲ့အကြောင်းပြောထားဖူးပါတယ်။

ဒါကြောင့်"Facebook" app ရဲ့နာမည်ကတော့ ဒီတိုင်းပဲဆက်ပြီးရှိနေမှာပါ။ 

Google

Metaverse ဆိုတာကအသုံးပြုသူတွေကို လက်တွေ့ကျကျအပြင်မှာလိုမျိုး အပြန်အလှန်တုံ့ပြန်နိုင်စေရန်အတွက်လူမှုမီဒီယာ၊အွန်လိုင်းဂိမ်း၊augmented reality (AR)၊virtual reality (VR) နှင့်cryptocurrencies တို့ကိုပေါင်းစပ်ထားတဲ့Digital Reality ပုံစံမျိုးဖြစ်တယ်လို့သိရပါတယ်။

Google

Facebook ကအရင်တုန်းကFacebook ကုမ္ပဏီတစ်ခုပဲပိုင်တာဖြစ်လို့ကုမ္ပဏီနာမည်ကို Facebook,Inc. လို့ပဲသုံးထားတာဖြစ်ပေမယ့်  အခုအချိန်မှာတော့၂၀၁၂ခုနှစ်မှာInstagram , ၂၀၁၄ခုနှစ်မှာ Whatsapp နှင့်Oculus အပြင် အခြားနာမည်တွေကိုပါ ဝယ်ယူပိုင်ဆိုင်ထားပြီဖြစ်တာကြောင့် အားလုံးကို ခြုံငုံကိုယ်စားပြုထားတဲ့အနေနဲ့ အခုလို ကုမ္ပဏီနာမည်ကို"Facebook,Inc. " ကနေ  "Metaverse" လို့ပြောင်းလဲလိုက်တာဖြစ်တယ်လို့သိရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။