သားသမီးအုပ်ထိန်းခွင့်နှင့်ပတ်သတ်ပြီး ဘရတ်ပစ်က ထိန်းသိမ်းစောင့်ရှောက်ခွင့် အရည်အချင်း မ ပြည့်မှီဘူးဆိုတဲ့ ဆုံးဖြတ်ချက်နှင့်ပတ်သတ်ပြီး ဘရတ်ပစ်ရဲ့ အယူခံဝင်မှုကို တရားရုံးက ပယ်ချလိုက်တယ်လို့ သိရပါတယ်။ 

Google

ကယ်လီဖိုးနီးယား တရားရုံးက ဘရတ်ပစ်နှင့် သူ့အမျိုးသမီးဖြစ်သူ အိန်ဂျယ်လီနာဂျီလီ တို့ရဲ့ ခါးသီးလှတဲ့တိုက်ပွဲမှာ မိခင်ဘက်က သားသမီးတွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိသွားတာနဲ့ပတ်သတ်ပြီး ဖြေလျော့ပေးဖို့ အယူခံဝင်မှုကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

တရားရုံးဘက်ကလည်း မစ္စဂျိုလီက သူမရဲ့ ကလေးတွေကို အာရုံစိုက်မှုအများကြီးပေးထားတာကြောင့် သားသမီးတွေကို ကောင်းမွန်စွာပြုစုပျိုးထောင်နိုင်မယ့်သူဖြစ်ပြီး သိက္ခာမဲ့တဲ့အပြုတွေနဲ့ ပြုစုပျိုးထောင်ပေးမယ်သူမျိုးမဟုတ်တာကြောင့် ဆုံးဖြတ်ချက်ကို ကျေနပ်မိပါတယ်လို့ ပြောပါတယ်။

ဘရတ်ပစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း  "ကျွမ်းကျင်သူတွေရဲ့ အသေးစိတ် တွေ့ရှိချက်တွေကို အခြေခံပြီး လိုအပ်တဲ့ အရာမှန်သမျှကို ကျွန်တော်တို့ ဆက်လက် လုပ်ဆောင်သွားမှာပါ။"လို့ ပြန်လည်ဖြေကြားထားပါတယ်။

Google

သားသမီး ၆ ယောက်မှာ ၃ ယောက်က မွေးစားထားတာဖြစ်ပြီး ၃ ယောက်က သွေးရင်းဖြစ်ပါတယ်။ ဘရတ်ပစ်အတွက် ဒုတိယအိမ်ထောင်ဖြစ်ပြီး ဂျိုလီအတွက်ကတော့ တတိယအိမ်ထောင်ဖြစ်ပါတယ်။

ဂျိုလီ (၄၆) နှစ် နှင့် ဘရက်ပစ် (၅၇) နှစ်တို့ဟာ ဟောလိဝုဒ်၏ အထင်ရှားဆုံး စုံတွဲများထဲက တစ်တွဲဖြစ်ပြီး  (၁၂) နှစ်ကြာအောင် တွဲခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။  လော့စ်အိန်ဂျလိစ် အထက်တန်းတရားရုံး တရားသူကြီးဟောင်း John Ouderkirk က သူတို့စုံတွဲရဲ့ မင်္ဂလာပွဲကို ၂၀၁၄  ခုနှစ်မှာ စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ ၂၀၁၆  ခုနှစ် မှာလည်း ဂျိုလီက ကွာရှင်းမှုပြုလုပ်ရန် တရားသူကြီးဟောင်း John Ouderkirk ကိုပြန်လည် ငှားရမ်းခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ သူတို့နှစ်ယောက် ကွာရှင်းပြတ်စဲခဲ့သော်လည်း ကလေးထိန်းသိမ်းမှုကိစ္စများနှင့်ပတ်သတ်ပြီး  ပြဿနာ ဆက်လက်ဖြစ်ခဲ့ပါတယ်။

Google

အိန်ဂျလီနာ ဂျိုလီနှင့် ဘရတ်ပစ် တို့မှာ သားသမီးခြောက်ဦးရှိခဲ့ပြီး သားသမီးများမှာ - အသက် 20 နှစ်အရွယ် Maddox၊ 17 နှစ်အရွယ် Pax၊ 16 နှစ်အရွယ် Zahara ၊ 15 နှစ်အရွယ် Shiloh ၊ 13 နှစ်အရွယ် Vivienne နှင့် 13 နှစ်အရွယ် Knox တို့ဖြစ်ကြပါတယ်။ အဲဒီထဲက အရွယ်မရောက်သေးသူ ငါးဦးသာ ထိန်းသိမ်းစောင့်ရှောက်ခွင့်ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်မှာဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။