အလှူရေစက်လက်နဲ့မကွာလို့တောင် တင်စားရလောက်သည့် ပရဟိတ မင်းသမီးခိုင်နှင်းဝေကတော့ ဒီတစ်ခေါက်မှာလည်း ဘိုးဘွားများ အယောက် ၅၀ အတွက် တစ်ယောက်လျှင် ဆေးဖိုးအလှုငွေ ၁ သောင်းနဲ့ တုတ်ကောက်များကို ခုနှစ်ရက်သားသမီးများနဲ့ စုပေါင်းပြီး သူကိုယ်တိုင်  ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါတယ်။

Photo Credit - Khine Hnin Wai's Facebook

တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဆိုသလိုပဲ  ချစ်စရာကောင်းလွန်းလှတဲ့ အဖိုးအဖွားတွေကလည်း သူမကို ပြန်လည်ဆုတောင်းပေးတဲ့အတွက် သူမအနေနဲ့ ဝမ်းသာပီတိဖြစ်ရတယ်လို့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာ​ပေါ်မှာ မျှဝေလာခဲ့ပါတယ်။

Photo Credit - Khine Hnin Wai's Facebook

သူမဟာ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီး ခိုကိုးရာမဲ့ဖြစ်နေတဲ့ ကလေးလေးတွေကို အဖေလိုရော အမေလိုရောပါ မေတ္တာတွေပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai's Facebook

ပရဟိတမင်းသမီးခိုင်နှင်းဝေဟာ မွေးရာပါရောဂါများပါရှိတဲ့မွေးကင်းစကလေးလေးတွေအတွက်လည်း ဆေးကုသစာရိတ်လှူဒါန်းပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။သူမဟာ ပရိဟိတလုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်ကိုင်တဲ့အပြင်ကို စားဝတ်နေရေးခက်ခဲသူများ၊အသက်အရွယ်ကြီးပြီး အဆင်မပြေဖြစ်နေတဲ့ အဖိုးအဖွားများကိုလည်း သူမတတ်နိုင်သလောက် လှူဒါန်းပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit - Khine Hnin Wai's Facebook
Photo Credit - Khine Hnin Wai's Facebook

သတင်းအရင်းမြစ်: Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။