ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပိုက်ဆံတွေအများကြီးရှိပေမယ့် မိခင်ကြီးကို အိမ်တစ်လုံး သီးသန့်မဆောက်ပေးပဲ မိခင်ကြီးနှင့် အတူတူနေထိုင်နေတုန်းပဲဖြစ်ပါတယ်။ ဒါကြောင့် သတင်းထောက်တစ်ယောက်က ဘာလို့မိခင်ကြီးနဲ့အတူတူ နေသေးတာလဲ ။ ဘာလို့ မိခင်အတွက် အိမ်တစ်လုံး မဆောက်ပေးတာလဲဆိုတဲ့ သတင်းထောက်ရဲ့မေးခွန်းကို ခရစ္စတီယာနိုရော်နယ်ဒိုက အခုလို ဖြေကြားထားပါတယ်။

Google

“ကျွန်တော့်အမေက တစ်ဘဝလုံးအနစ်နာခံပြီး ကျွန်တော့်အတွက် ရင်းနှီးမြုပ်နှံပေးထားတာပါ။ ကျွန်တော့်ကို ညစာစားပါစေတော့ဆိုပြီး အမေ ဗိုက်ဆာဆာနဲ့ ဘာမှမစားရပဲ အိပ်ပျော်သွားတဲ့နေ့ရက်တွေရှိခဲ့တယ်။ ကျွန်တော်တို့က အရမ်းကိုဆင်းရဲခဲ့တာလေ။ အမေက တစ်ပတ်ကို ၇ ရက်စလုံး သန့်ရှင်းရေးအလုပ်လုပ်ပြီး ကျွန်တော့်အတွက် ဘောလုံးပစ္စည်းတွေ ဝယ်ပေးခဲ့တယ်။  အမေကြောင့်ပဲ ကျွန်တော်အခုလို ကစားသမားတစ်ယောက် ဖြစ်လာခဲ့တာပါ။ ကျွန်တော့်ရဲ့ အောင်မြင်မှုတွေတိုင်းက အမေ့ကြောင့် ဖြစ်လာခဲ့တာချည်းပါပဲ။ ကျွန်တော်အသက်ရှင်သန်နေသ၍ အမေ့ကို ကျွန်တော့်အနားမှာပဲထားပြီး အမေလိုအပ်တာအားလုံး ဖြည့်ဆည်းပေးနေမှာပါ။ အမေက ကျွန်တော့်ဘဝရဲ့ ခိုလှုံရာနဲ့ အကောင်းဆုံး လက်ဆောင်ကြီးတစ်ခုပါ။”

- Cristiano Ronaldo : Portuguese footballer

Google
Google

ခရစ္စတီယာနိုရော်နယ်ဒိုဟာ လက်ရှိမှာလည်း သူ့ရဲ့ မိခင်ကြီး Maria Dolores dos Santos Aveiro  ၊ ဇနီးသည် Georgina Rodríguez  ၊ သားသမီး ၄ ယောက် တို့နှင့် အတူတူ တစ်အိမ်တည်းမှာ ပျော်ရွှင်စွာ စည်းစည်းလုံးလုံး နေထိုင်လျှက်ရှိပါတယ်။ မိခင်ကြီးအတွက် ပြည့်စုံမှုဆိုတာ ခန်းနားတဲ့အိမ်ကြီးမှာ တစ်ယောက်တည်းသီးသန့်နေထိုင်ရခြင်းမျိုးမဟုတ်ဘဲ သားသမီး မြေးမြစ်တွေနဲ့ ပျော်ရွှင်စွာ နေထိုင်ရခြင်းကသာ တကယ့်ပြည့်စုံချမ်းသာမှုဆိုတာကို ခရစ္စတီယာနိုရော်နယ်ဒို တစ်ယောက် သေချာသိတဲ့ပုံပါပဲ။ ဒါကြောင့် မိခင်ကြီးအတွက် အကောင်းဆုံးတွေ ဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ စိတ်ဓာတ်ကတော့ လုံးဝကို လေးစားဖို့ကောင်းလိုက်တာနော် ။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။