ဒူဘိုင်းရဲ့ အိမ်ရှေ့စံမင်းသားဖြစ်တဲ့ Hamdan bin Mohammed Al Maktoum ဟာ မင်းမျိုးမင်းနွယ်တစ်ယောက်ဖြစ်သလို ထူးခြားတဲ့အကျင့်စရိုက် ရှိတဲ့သူဖြစ်ပါတယ်။ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Hamdan bin Mohammed ရဲ့ ထူးထူးဆန်းဆန်းအကျင့်စရိုက်က ဆင်ကြီးကစလို့ ရှဉ့်ငယ်လေးတွေအထိ တိရစ္ဆာန်အကောင်မျိုးစုံကို မွေးတတ်တာပဲဖြစ်ပါတယ်။
ဒူဘိုင်းအိမ်ရှေ့စံမင်းသားရဲ့ အင်တာဂရမ်အကောင့်ဟာဆိုရင်လည်း 12.6 M အထိ follower တွေရှိပါတယ်။ တော်ဝင် မင်းသားဟာ သူ့ရဲ့ လူမှုစာမျက်နှာမှာ သူချစ်တဲ့ တိရစ္ဆာန်များနှင့် မကြာခဏဓာတ်ပုံ ၊ ဗီဒီယို တွဲရိုက်ပြီး တင်လေ့ရှိပါတယ်။
ဒူဘိုင်း အိမ်ရှေ့စံ မင်းသား Hamdan bin Mohammed ဟာ ဘုရင်ကြီး Sheikh Mohammed bin Rashid Al Maktoum နှင့် မိဖုရားခေါင်ကြီး Sheikha Hind bint Maktoum bin Juma Al Maktoum တို့ရဲ့ သားတော်ဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။