မြန်မာလူမျိုးတွေဟာ စေတနာ သဒ္ဓါတရား အရမ်းကို ထက်သန်ကြတဲ့သူတွေဖြစ်ကြပါတယ်။ အလှူရေစက်လက်နှင့်မကွာပြုလုပ်တတ်ကြတဲ့ မြန်မာလူမျိုးတွေရဲ့ အလှူလေးတွေထဲမှာ ရေချမ်းစင် အလှူလေးလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

Google

လမ်းသွားလမ်းလာတွေအမောပြေ သောက်ဖို့ရာ စေတနာ သဒ္ဓါတရား ထက်သန်စွာ ပြုလုပ်ပေးထားတဲ့ ရေချမ်းစင်ကုသိုလ်လေးတွေထဲမှာ အခုတစ်ခေါက် ဖော်ပြပေးမယ့် ရေချမ်းစင်လေးကလည်း တော်တော်ကို ကြည်နူးစရာကောင်းလှပါတယ်။

Google

ဒီ ရေချမ်းစင်လေးကို လမ်းသွားလမ်းလာ တစ်ယောက်က တွေ့ရင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ထားတာပဲ ဖြစ်ပါတယ်။ ရေချမ်းစင်လေးရဲ့ တည်နေရာက စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးဝမြို့နယ် ၊ ခေါမရွာနှင့် ဟောင်နွဲရွာ ကြားကနေရာလေးမှာ တည်ရှိပါတယ်။ ရေချမ်းစင်လေးမှာ အမြဲမပျက် ငှက်ပျောခိုင်လေး ချိတ်ထားပြီး ဗိုက်ဆာနေသောခရီးသွားများ ဆာလောင်မှုသက်သာစေရန်ရည်ရွယ်ချက်ဖြင့် အလှူရှင်က ကုသိုလ်လေးပြုလုပ်ထားတာဖြစ်ပါတယ်။

Credit to Original Uploader

ရေချမ်းစင်လေးအပြင် ငှက်ပျောခိုင်လေးကလည်း စဉ်ဆက်မပျက်တည်ရှိနေတာကြောင့် လမ်းသွားလမ်းလာ ခရီးသွားများ မောမောနဲ့လာရင် အမောပြေ ရေအေးအေးလေးသောက် ငှက်ပျောသီးလေး ဖြုတ်စားနဲ့ တော်တော်လေးကို အဆင်ပြေတဲ့နေရာလေးဖြစ်ပါတယ်။ အလှူရှင်ရဲ့ စေတနာတွေကို မြင်တွေ့ရတဲ့ ရေချမ်းစင်လေးပါ။ ကြုံကြိုက်လို့များ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးဝမြို့နယ် ၊ ခေါမရွာနှင့် ဟောင်နွဲရွာကြားက ရေချမ်းစင်နေရာလေးကို ရောက်ခဲ့ရင် အလှူရှင်ရဲ့ ပါရမီကို ဖြည့်ပေးရလေအောင် ရေအေးလေးနှင့် ငှက်ပျောသီးလေး ဝင်ရောက်သုံးဆောင်ခဲ့ကြပါဦးနော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။