ကျော်ထွဋ်ဆွေ နဲ့နန်းသူဇာတို့ဟာ ပရိသတ်တွေခိုင်ခိုင်မာမာရရှိထားကြတဲ့ လူငယ်အဆိုတော်လေးတွေ ဖြစ်ကြပါတယ်။  အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူတို့နှစ်ယောက် တွဲနေခဲ့ကြတာလည်း ၁၀ နှစ်ကျော် လောက် တောင်ရှိနေကြပါပြီ။ သူတို့အတွဲလေးဟာ အနုပညာရှင်လူငယ်စုံတွဲတွေကြားထဲမှာ အရမ်းချစ်ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ဒါ့အပြင်သူတို့ နှစ်ယောက်ရဲ့ တွဲလက်တွေ အရမ်းကို ခိုင်မြဲကြတယ်ဆိုတာ သူတို့တွဲနေတဲ့ အချိန်ကာလက သက်သေပြလို့နေပါတယ်။

Google

အခုတစ်ခေါက်မှာလည်း ကျော်ထွဋ်ဆွေ က သူ့ကောင်မလေး နန်းသူဇာကို အခုလို စာလေးတစ်ကြောင်းရေးပြီး ရိုပြလိုက်ပြန်ပါပြီ။

“ကျွန်တော်ပိုက်ဆံမရှိတဲ့အခါ

လူကြီးတစ်ယောက်လို

မုန့်ဖိုးပေးတတ်တယ်။

သူပိုက်ဆံမရှိတဲ့အခါ

ကလေးလေးတစ်ယောက်လို

မုန့်ဖိုးတောင်းတတ်တယ်။

ဒီလောက်ပါပဲ။

ကြီးကြီးကျယ်ကျယ် မလိုပါဘူး။”

Kyaw Htut Swe

စာလေးက အရမ်းမရှည်ပေမယ့် သူ့ကောင်မလေး နန်းသူဇာကို ဘယ်လောက်ချစ်လဲဆိုတာ ပြနိုင်တာကြောင့် ပရိသတ်တွေကတော့ သူတို့အတွဲလေးကို အရမ်းကို အားကျနေကြပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။