လူကြိုက်အရမ်းများခဲ့တဲ့ MRTV 4 ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ပျားရည်အိုင်ဇာတ်လမ်းကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကြီး ဟိန်းစိုးဟာဆိုရင် အခုဆိုရင် အထည်ဆိုင်လေးဖွင့်ထားပြီလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာလေးမှာ ရေးတင်ထားပါတယ်။
ဒါရိုက်တာ ဟိန်းစိုးဟာ "ဟစ်တိုင်" အပါအဝင် နာမည်ကြီး ဇာတ်ကားပေါင်း ၈၀၀ ကျော်အထိ ရိုက်ကူးခဲ့ဖူးတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး သူနောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲနာမည်က “မမှီဝဲနှင့်ကင်းအောင်နေ” ဆိုတဲ့ MRTV 4 ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။
ဒီကာလကြီးမှာ အနုပညာရှင် အတတ်ပညာရှင်တွေအနေနဲ့လည်း အခက်အခဲတွေ အများကြီး ရှိလာတာကြောင့် ဒါရိုက်တာကြီး ဟိန်းစိုးလည်း အခုလို ကိုယ်ပိုင်ဆိုင်လေး တစ်ဆိုင် ဖွင့်လိုက်တာ ဖြစ်ပါတယ်။
ဒါရိုက်တာကြီး ဟိန်းစိုး ဖွင့်ထားတဲ့ အထည်ဆိုင်လေးက တာမွေမြို့နယ် ၊ ရွှေဗဟိုပလာဇာရှေ့က လမ်းဖြစ်တဲ့ သမ္မာဒိဌိလမ်းထိပ်မှာ တည်ရှိတာဖြစ်ပါတယ်။ အထည်ဆိုင်လေးထဲမှာဆိုရင် ၁၀၀၀ တန်လေးတွေကစလို့ ဈေးအရမ်းတန်တဲ့ အထည်လေးတွေရှိပါတယ်။ အကယ်၍ လမ်းကြုံလိုပဲဖြစ်ဖြစ် ဒါရိုက်တာကြီး ဟိန်းစိုးကိုကူညီချင်လိုပဲဖြစ်ဖြစ် သွားရောက်အားပေးဝယ်ယူချင်တယ်ဆိုရင်တော့ အပေါ်ကလိပ်စာလေးအတိုင်း ဆိုင်လေးက တည်ရှိနေပါတယ်နော်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။