အရှင်ဦးသြဘာသဘိက္ခုမထေရ်မြတ်ကြီး ခန္ဓာ့ဝန်ချပြီးသည့်နေ့မှစ၍ ရုပ်ကလပ်တော်ကို ဆေးမထိုး ၊ အအေးခန်းထဲ၌ မထားထားပဲ ပကတိအတိုင်း သီတင်းသုံးလျှက်ရှိရာကျောင်းတော်တွင် ထားထားသော်လည်း ရက်ပေါင်း ၉၀ စွန်းစွန်း ကြာသည့်တိုင်အောင် မပုပ်မသိုး ၊ အနံ့မထွက်ရှိခဲ့ဘူးလို့ သိရှိရပါတယ်။

Credit to Original Uploader

ဒါ့ အပြင် မထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်မှ ထူးခြားချက်များလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။ ထူးခြားချက်များမှာ ဦးခေါင်းတော်မှ ဆံပင်များ ပို၍ ရှည်လာခြင်း ၊ လက်တော် ခြေတော်တို့မှ ခြေသည်း လက်သည်းများ ရှည်ထွက်လာခြင်း ၊ အသားတော်တို့မှာ ဖန်ရောင်ကဲ့သို့ ဖူးမျှော်ရခြင်း ၊ မပုပ်မသိုး ၊ အနံ့မထွက်ပါဘဲ ပကတိမူလအတိုင်း ခန္ဓာကိုယ်တော်သည် တည်ရှိနေခြင်း ၊ မီးပူဇော်မည့် နေ့မတိုင်ခင်ညက ကောင်းကင်မှာ စေတီပုံပေါ်ခြင်း ၊ မီးပူဇော်မည့် နေရာအား ညဘက် လျှပ်စစ် မီးထွန်းချိန်တွင် ရွှေရောင်များ တဝင်းဝင်း ဖြစ်နေသည်ကို မြင်တွေ့ရခြင်း ၊ မီးပူဇော်နေစဉ်အချိန်တွင်လည်း မီးတောက်များထဲမှာ ဆရာတော်ဘုရားကြီး ပုံရိပ်ပေါ်လာခြင်း စသည့် ထူးခြားသော ဖြစ်စဉ်များ ဖူးမျှော်ကြရကြောင်း သိရှိရပါသည်။

Credit to Original Uploader
Credit to Original Uploader

မထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် နေ့လည် (၂) နာရီအချိန်တွင်း လှည်းကူးမြို့နယ် ၊ ဓမ္မဂုဏ်ရည် ကျောင်းတိုက်တွင် အန္တိမအဂ္ဂိဈာပန မီးပူဇော်ပွဲကျင်းပခဲ့ပါသည်။ ဆရာတော်ဘုရားကြီး မိန့်မှာတော်မူခဲ့သည့်အတိုင်း ရုပ်ကလပ်တော်ကို ဆေးမထိုး ၊ အအေးခန်းထဲ၌ မထားရှိဘဲ ရက်ပေါင်း ၉၀ ထားရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Credit to Original Uploader

မီးပူဇော်ပွဲပြီးသည့် နောက်တွင်လည်း ဆရာတော်ဘုရားကြီး၏ အရိုးတော် အသွေးတော် ဓါတ်တော်များ ဖြစ်တည်လာခဲ့ပါတယ်။

Credit to Original Uploader
Credit to Original Uploader
Credit to Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။