Burmese Python လို့လူသိများတဲ့ One Championship ဖိုက်တာကြီး အောင်လအန်ဆန်းဟာ ဆိုရင်ဇနီးဖြစ်သူ Katherine Oliphant နှင့်၂၀၁၄ခုနှစ်တုန်းကလက်ထပ်ခဲ့တာဖြစ်ပါတယ်။ လက်ထပ်ပြီး တစ်နှစ်အကြာ၂၀၁၅ခုနှစ်မှာ Aung De လို့ခေါ်တဲ့ သားဦးလေးကို မွေးဖွားခဲ့ပြီး၂၀၁၈ခုနှစ်မှာတော့ N Sang Aung လို့ခေါ်တဲ့သမီးလေးကို ထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။

Facebook 

အောင်လအန်ဆန်းဟာ ထူးချွန်ပြီးပြိုင်ဘက်ကင်းတဲ့ One Championship ဖိုက်တာကြီးဖြစ်ရုံမက မိသားစုအပေါ်မှာလည်း အရမ်းကို တာဝန်ကျေပွန်တဲ့သူ ဖြစ်ပါတယ်။ 

Facebook

အောင်လအန်ဆန်းဟာ သားနှင့်သမီးလေးတွေကို အရမ်းကိုချစ်တဲ့သူဖြစ်ပြီးအခုတစ်ခေါက်မှာလည်း သမီးငယ်လေးကို ကျောင်းပို့နေတဲ့ပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ထားပါတယ်။

Facebook

အောင်လအန်ဆန်းဟာ မြန်မာပြည်မှာတုန်း က ၄ တန်းအထိပဲကျောင်းတတ်ခဲ့ရတာကြောင့်သူ့ သားသမီးလေးတွေကိုတော့ အရမ်းကိုပညာတတ်ကြီး တွေဖြစ်စေချင်တဲ့ပုံပါပဲ။ဒါကြောင့်လည်းအခုလိုမျိုး သမီးလေးကို ဂရုတစိုက်နဲ့ ကိုယ်တိုင်ကျောင်းလိုက်ပို့ပေးနေတာဖြစ်ပါတယ်။

Facebook
Facebook
Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။