ကမ္ဘာကျော်ဗြိတိန်အဆိုတော် Ed Sheeran တစ်ယောက်ကိုဗစ်- 19 ရောဂါကူးစက်ခံထားရတယ်လို့ သိရှိရပါတယ်။စစ်ဆေးမှုအပြီး ရောဂါကူးစက်ခံထားရကြောင်း သိရှိပြီးနောက်မှာ Ed Sheeran တစ်ယောက်သီးခြားခွဲနေလျှက်ရှိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အခုလိုရေးတင်ထားပါတယ်။

Instagram

" ဟေး.. မိတ်ဆွေတို့ 

စိတ်မကောင်းစွာနဲ့ကျွန်တော့်မှာကိုဗစ်ရောဂါကူးစက်ခံ  ထားရပြီဆိုတာကိုပြောပါရစေ။ကျွန်တော်အခု အစိုးရရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သီးခြား နေထိုင်နေပါတယ်။အဓိပ္ပာယ်ကကျွန်တော်ခင်ဗျားတို့နဲ့ လူချင်းတွေ့ဆုံတာမျိုး၊အလုပ်ကိစ္စတွေလူချင်းတွေ့ပြီး လုပ်တာမျိုးတော့ လုပ်လို့မရတော့ဘူး။စီစဉ်ချိန်းဆိုထားပြီးတဲ့ အင်တာဗျူးတွေ၊ဖျော်ဖြေပွဲတွေကိုတော့တတ်နိုင်သမျှ အိမ်ကနေပဲပြုလုပ်ပေးသွားပါ့မယ်။ကျွန်တော့်ရဲ့ အဆင်မပြေဖြစ်သွားမှုအတွက်အားလုံးကို တောင်းပန်ပါတယ်။အားလုံးပဲ အန္တရာယ်ကင်း၊ကျန်းမာစွာ နေထိုင်ကြပါ။" လို့သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ရေးတင်ထားပါတယ်။

Google

Sheeran ရဲ့နောက်ဆုံးထွက်အယ်လဘမ် “=" ကလည်းသောကြာနေ့ ညမှာထွက်ရှိလာမှာဖြစ်ပြီး အယ်လဘမ်နဲ့အတူ "Saturday Night Live" ရှိုးကိုလည်း ပြုလုပ်ဖို့ကြေညာထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် Ed Sheeran တစ်ယောက် “Saturday Night Live" မှာ လူစားထိုးပြီးတင်ဆက်မှာလား သူတစ်ယောက်တည်း သီးသန့်ဖျော်ဖြေမှာလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ “=" အယ်လဘမ်ဟာ Sheeran ရဲ့စတုထ္ထမြောက်အယ်လဘမ်ဖြစ်ပြီး သူ့ရဲ့ပထမဆုံးအယ်လဘမ်က၂၀၁၇ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပါတယ်။

Google

Ed Sheeran တစ်ယောက် ကိုဗစ်- 19 ရောဂါကနေ သက်သာပျောက်ကင်းပြီး အမြန်ဆုံး ပြန်လည် ကျန်းမာလာစေဖို့ ပရိသတ်တွေကလည်း ဆုတောင်းပေးထားကြပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။