Niu Yu လို့ခေါ်တဲ့ အမျိုးသမီးဟာ အသက် ၁၁ နှစ်အရွယ်မှာ ငလျင်တစ်ခုကြောင့် ညာဘက်ခြေထောက် ဆုံးရှုံးခဲ့ရတဲ့သူဖြစ်ပါတယ်။ သူမဟာ ၂၀၀၈ ခုနှစ် ၊ မေလ တုန်းက Wenchuan ငလျင်ကြောင့် အဆောက်အအုံပြိုကျတဲ့အထဲပါသွားခဲ့ပြီး ၃ ရက် ၃ ညတိတိ မြေကြီးထဲ အမြုပ်ခံခဲ့ရပါတယ်။

Google

ငလျင်ဒဏ်ကြောင့် သူမအစ်ကို နှင့် သူငယ်ချင်း ၉ ယောက်လုံး သေဆုံးသွားခဲ့ကြပေမယ့်  သူမကတော့ ခက်ခက်ခဲခဲကို ရှင်သန်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ ညာဘက်ခြေထောက်ကတော့ ဆုံးရှုံးသွားခဲ့ရပါတယ်။

Google

သူမဟာ အပြေးပြိုင်ရတာကို အရမ်းဝါသနာပါတဲ့သူတစ်ယောက်ဖြစ်ပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးလျက်နဲ့ကို သူမရဲ့ ၂၁ နှစ်ပြည့်မွေးနေ့ မှာ မာရသွန်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ အခု အသက် ၂၄ နှစ်အရွယ်မှာလည်း Shanghai Fashion Week 2021 မှ သူမရဲ့ခြေထောက်တစ်ဖက်အတုနဲ့ မော်ဒယ်ရှိုးလျှောက်ပွဲမှာ ပါဝင်ခဲ့ပါတယ်။ ယုံကြည်မှုအပြည့်နဲ့ သူမရဲ့ မျက်နှာဟာ လူတွေကြားထဲမှာ ထင်းနေပြီး ပရိသတ်တွေအများကြီးရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။ရှိုးပွဲလျှောက်နေစဉ်တုန်းက သူမရဲ့ ရင်ထဲက ခံစားချက်တွေကို မေးကြည့်တဲ့အချိန်မှာ အခုလို ပြန်လည်ဖြေကြားထားပါတယ်။

Google
Google

“အခြားသူတွေ လမ်းလျှောက်လာတဲ့အချိန်မှာ လူတွေက လက်ခုပ်သံတွေနဲ့ ဆူညံနေအောင် အားပေးကြတယ်ပေါ့နော်။ ကျွန်မလမ်းလျှောက်လာတဲ့အချိန်မှာတော့ အားလုံးက ငြိမ်သွားကြတယ်။ ၄ စက္ကန့် ၅ စက္ကန့်လောက် ကြာသွားတဲ့အချိန်မှာတော့ ကျွန်မနားထဲ အသံလေးတစ်ခုကြားလိုက်တယ်။ 'သူကအရမ်းမိုက်တာပဲ' .. တဲ့”

Google
Google

Niu Yu ရဲ့ ရည်မှန်းချက်က မော်ဒယ်တစ်ယောက်ဖြစ်ချင်တာ ဖြစ်ပြီး Fashion Show ပွဲတွေမှာ Catwalk လျှောက်ချင်တာဖြစ်တာကြောင့် Niu Yu တစ်ယောက် သူမရဲ့ ရည်မှန်းချက်တွေအတိုင်း တကယ်ကြီးဖြစ်လို့လာခဲ့ပါပြီ။ ခြေထောက်တစ်ဖက်မရှိတော့ပေမယ့် အရမ်းကိုလှတာပဲနော်။ ချစ်စရာကောင်းလိုက်တာ ယုံကြည်မှုကလည်း အပြည့်ပဲ…

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။