ဗြိတိန်သမိုင်းမှာ အသက်အကြီးဆုံးဖြစ်တဲ့ ဘုရင်မကြီး Elizabeth II ဟာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အနားယူရန် အကြံပေးခံခဲ့ရတာကြောင့် ဆေးရုံမှာ တစ်ညသာ နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။ ဆေးရုံမှာ တစ်ညသာ နေထိုင်ခဲ့ရတာကြောင့် သူမရဲ့ Northern Ireland ခရီးစဉ်ကိုလည်း ဖျက်ခဲ့ရတယ်လို့ သိရပါတယ်။

Google

ဘုရင်မကြီးဟာ ဆေးပညာဆိုင်ရာအနားယူဖို့ အကြံပေးချက်များကြောင့် ကနဦးစစ်ဆေးမှုများပြုလုပ်ရန် ဆေးရုံမှာ တစ်ရက်သာနေထိုင်ခဲ့ပြီး သူမရဲ့ Windsor ရဲတိုက်ကို ပြန်လာခဲ့တယ်လို့ နန်းတော်ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ဘုရင်မကြီး Elizabeth II  ဟာ ၁၉၅၂ ခုနှစ် ၊ အသက် ၂၆ နှစ်အရွယ်မှာ ထီးနန်းဆက်ခံခဲ့တာကြောင့် ဗြိတိန်သမိုင်းမှာ သက်တမ်းအကြီးဆုံး ဘုရင်မကြီးဖြစ်ပါတယ်။ ဘုရင်မကြီးဆေးရုံတင်ခဲ့ရတာနဲ့ ပတ်သတ်ပြီး ပြည်သူတွေက ကိုရိုနာဗိုင်းရပ်ကြောင့်လားဆိုပြီး စိုးရိမ်စိတ်တွေ ဖြစ်ခဲ့ကြပေမယ့် သာမန်စစ်ဆေးမှုများပြုလုပ်ဖို့သာဖြစ်ပြီး ဘုရင်မကြီးဟာလည်း ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးထိုးထားတာကြောင့် ရောဂါပိုးကူးစက်ခံရတာနှင့် ပတ်သတ်ပြီး စိတ်မပူကြဖို့ နန်းတော်က ထုတ်ပြန်ထားပါတယ်။ 

Google

ဘုရင်မကြီးကို Central London မှာရှိတဲ့ ဘုရင်ကြီး  Edward VII ရဲ့  သီးသန့် ဆေးရုံမှာ တစ်ညတာ တည်းခိုစေကာ စစ်ဆေးမှုများပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဆေးရုံတင်ခြင်းက ၂၀၂၁ ခုနှစ်အတွက် ပထမဦးဆုံးဆေးရုံတင်ခြင်းလို့ သိရပါတယ်။ ဘုရင်မကြီးရဲ့ ခင်ပွန်းဖြစ်သူ မင်းသား  Philip ကတော့ ဧပြီလ ၉ ရက်နေ့ ၊ ၂၀၂၁ ခုနှစ် အသက် ၁၀၀ ပြည့်ဖို့ ရက်အနည်းငယ်အလိုလောက်မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။