ဘွဲ့နှင်းသဘင်အခန်းအနားတွေတော်တော်များများမှာ ကိုယ်ပိုင်ဝတ်စုံတွေ ရှိကြပြီးဘွဲ့လာယူမယ့်သူတော်တော်များများဟာလည်း ပုံမှန်ဆိုရင်သပ်သပ်ရပ်ရပ်ဝတ်စုံလေးတွေ ဝတ်လေ့ရှိပါတယ်။ ဒါပေမယ့်ဂျပန်နိုင်ငံမှာ ရှိတဲ့ Kyoto  တက္ကသိုလ်ကတော့ ဘွဲ့နှင်းသဘင်အခန်းအနားကို တတ်ရောက်လာမယ့်ကျောင်းသူကျောင်းသားတွေကို ကိုယ်ပိုင်ဒီဇိုင်းနှင့်ဖန်တီးထားတဲ့ဝတ်စုံများ၊ Cosplay ဝတ်စုံများကို စိတ်ကြိုက်ဝတ်ဆင်စေခဲ့ပါတယ်။ 

Google
Google

ဒါကြောင့်ဘွဲ့ယူမည့်  မောင်မယ်များ ဟာလည်း မိမိစိတ်ကူးအတွေးများနှင့် ဖန်တီးထားတဲ့ ဝတ်စုံဒီဇိုင်းများနှင့် ဘွဲ့လာ ရောက်ယူကြပါတယ်။ အဲဒီအထဲမှာ တန်ဖိုးကြီးဝတ်စုံများ ပါဝင်သလို ငွေကြေးအနည်းငယ်သာပေးရတဲ့ ဝတ်စုံများလည်းပါဝင်ပါတယ်။ 

Google
Google

ဖန်တီးမှုသာအဓိကဖြစ်ပြီး ဝတ်စုံရဲ့တန်ဖိုးကို ပဓာနမထားတဲ့အခန်းအနားဖြစ်လို့ Kyoto တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခန်းအနားပွဲမှာ အဝတ်အစားနွမ်းပါးလို့ မျက်နှာငယ်ရတဲ့အခိုက်အတန့်ဆိုတာ လုံးဝကို မရှိခဲ့ဘူးလို့သိရပါတယ်။ ဖန်တီးမှုအားသာကောင်းရင် ဘာမှမဝတ်ပဲနဲ့လည်း ဘွဲ့တတ်ယူလို့ရပါတယ်။ 

Google
Google

Kyoto တက္ကသိုလ်ဟာဂျပန်နိုင်ငံမှာဒုတိယသက်တမ်းအရင့်ဆုံးနှင့်အာရှမှာ ranking အမြင့်ထိပ်ဆုံးစာရင်းမှာပါဝင်တဲ့တက္ကသိုလ်ကြီးဖြစ်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။