ချိုဝမ်လို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီးချောလေး Lee Da hae နှင့် သူ့မရဲ့ ချစ်သူ ကောင်လေး အဆိုတော် Se7en တို့ဟာ အရမ်းကိုချစ်ကြတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ သူတို့ဟာ သူငယ်ချင်းဆက်ဆံရေးကနေ တစ်ဆင့်တတ်ပြီးတော့ ချစ်သူရည်းစားတွေအဖြစ် တွဲခဲ့ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။မင်းသမီး Lee Da Hae က ၃၇ နှစ်ဖြစ်ပြီး Se7en က တော့ ၃၆ နှစ် ဖြစ်ပါတယ်။ မနဲ့မောင် စုံတွဲလေးပေါ့နော်။

Google

တွဲနေပြီလို့ နှစ်ယောက်သား အတည်ပြုခဲ့တဲ့အချိန်က ၂၀၁၆ ခုနှစ်မှာဖြစ်ပေမယ့် အတည်မပြုခင် ၁ နှစ်ကျော်လောက်ကတည်းက ချစ်သူရည်းစားတွေဖြစ်နေကြတာပါ။ဒါကြောင့် သူတို့ရဲ့ ချစ်သူသက်တမ်းဟာ ၇ နှစ်လောက် ရှိနေကြပါပြီ။

Google

Lee Da Hae နှင့် Se7en တို့စုံတွဲဟာ စတင်တွဲခဲ့စဉ်အခါတည်းက ဖုံးကွယ်ထားခြင်းမရှိဘဲ ပရိသတ်တွေကြားမှာရော လူမြင်ကွင်းတွေမှာပါ သတ္တိရှိရှိပေါ်ပေါ်ထင်ထင်တွဲခဲ့ကြတာပါ။ Dating News အတည်ပြုတုန်းကလည်း နှစ်ဦးစလုံးရဲ့ အနုပညာအလုပ်တွေအောင်မြင်မှုရရှိနေတဲ့ အချိန်ဖြစ်တာကြောင့် အလုပ်အကိုင်တွေထိခိုက်မှာ စိုးရိမ်ခဲ့ကြပေမယ့် အရာအားလုံးကို လက်လွှတ်ချလိုက်နိုင်လောက်တဲ့ အထိကို သတ္တိရှိရှိ ဆုံးဖြတ်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။  Lee Da Hae အနေနဲ့လည်း သူမအနေနဲ့ သူမချစ်ရတဲ့သူနဲ့ အခုလိုမျိုး မတွဲခဲ့ရဘူးဆိုရင် တစ်သတ်လုံးနောင်တရနေမှာဖြစ်ကြောင်း ပြောခဲ့ဖူးပါတယ်။

Google

သူမရဲ့ကောင်လေး  Se7en  ကလည်း "Lee Da Hae က ကျွန်တော့်အတွက် "Energy" ပါ။ သူမကိုဘယ်တော့မှ လက်လွှတ်မခံဘူး" လို့ဆိုထားပါတယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ စုံတွဲလေးဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့လည်း သူတို့နှစ်ဦး မင်္ဂလာဆောင်မယ့် အချိန်ကို မျှော်လင့်နေကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။