ဇာတ်ပို့ သရုပ်ဆောင် ကိုကျော်စိုးဟာ ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ဆုံးပါသွားခဲ့ပြီလို့ သိရပါတယ်။ ကွယ်လွန်ခဲ့တဲ့သတင်းက အကြိမ်ပေါင်းများစွာ ခဏခဏ ထွက်ခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ တကယ်ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းကို နီးစပ်ရာ မိသားစုဝင်တွေ အနုပညာရှင်တွေက အတည်ပြုပေးလိုက်ကြပါပြီ။

Google

ဒီသတင်းကို သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ဘိုဘိုက စတင်အတည်ပြုပေးခဲ့တာဖြစ်ပြီး “သရုပ်ဆောင် ကိုကျော်စိုး ဒီနေ့မနက် ၈ နာရီကဆုံးသွားပါပြီ။ သူ့ညီမလေးက သူငယ်ချင်းတွေသိအောင် တင်ခိုင်းလို့ပါ။ သူငယ်ချင်းတို့ရေ ဒီတခါတော့ ကိုကျော်စိုး ငါတို့ကို နှုတ်မဆက်ဘဲ တကယ်ထွက်သွားပါပြီ။ တွေ့တဲ့သူတိုင်း ပျော်အောင်ထားတဲ့ ကိုကျော်စိုး ကောင်းရာဘုံဘဝ ရောက်ရှိပါစေလို့” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးတင်ပေးထားပါတယ်။

Bo Gyi's Facebook

ဇာတ်ပို့သရုပ်ဆောင် ကိုကျော်စိုးဟာ ဇွန်လတုန်းကလည်း တစ်ခါဆေးရုံတင်ခဲ့ရဖူးပါတယ်။ နဂိုတည်းက ကျန်းမာရေးချူချာတဲ့သူဖြစ်တာကြောင့် အခုလို အလုပ်အကိုင်တွေအဆင်မပြေတဲ့အချိန်မှာ စိတ်ဓာတ်ကျပြီး ကျန်းမာရေးအခြေအနေက ပိုပြီးဆိုးရွားခဲ့တာပါ။ အခုအချိန်မှာတော့ သူ့ရဲ့ အနုပညာလုပ်ငန်းတွေကို တကယ်စွန့်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။ စောဦးစွာကြွေလွင့်သွားခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်အတွက် ပရိသတ်များကလည်း  နှမြောဝမ်းနည်းမိကြောင်း စာလေးတွေ အသီးသီးရေးတင်ပေးထားကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။