Shah Rukh Khan က မူးယစ်ဆေးဝါးမှုနဲ့အဖမ်းဆီးခံထားရတဲ့ သူ့ရဲ့သားဖြစ်သူကို Arthur Road အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုက စတင်အဖမ်းခံရတဲ့ အောက်တိုဘာလ ၂ ရက်နေ့ကစပြီး သူတို့သားအဖ နှစ်ယောက်အတွက် ပထမဆုံးတွေ့ဆုံမှုဖြစ်ပါတယ်။

Shah Rukh Khan ဟာ အကျဉ်းထောင်ဧည့်တွေ့ဆုံသည့်အခန်းမှာ သားဖြစ်သူနှင့် မိနစ် ၂၀ ကြာအောင် စကားပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ကူးစက် ရောဂါကာလတွေမှာ ထောင်တွင်းဧည့်တွေ့ဆုံမှုကို ကန့်သတ်ထားပေမယ့် Shah Rukh တို့ကိုတော့ဖြေလျော့ခွင့်ပေးပြီး တွေ့ခွင့်ပေးထားတယ်လို့ သိရပါတယ်။ Shah Rukh Khan တစ်ယောက်သားဖြစ်သူနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ ဝင်ကြည့်သွားနိုင်ပါတယ်။

NDTV

Aryan Khan အတွက် အာမခံကြားနာမှုတွေဟာ ခဏခဏ ငြင်းဆန်ခြင်းခံထားရပြီး အခုတစ်ခေါက် ကြားနာမှုကိုတော့ ဘုံဘေအထက်တရားရုံးက လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့ အင်္ဂါနေ့မှာ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ Aryan Khan က မိခင်ဖြစ်သူနဲ့လည်း သောကြာနေ့တုန်းက ဗီဒီယိုဖုန်းခေါ်ဆိုမှုနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ယမန်နေ့အောက်တိုဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်မယ့် Aryan Khan ရဲ့ အာမခံတင်သွင်းမှုကို လည်း တရားရုံးဘက်မှ ငြင်းပယ်ခဲ့ပါတယ်။ Aryan ရဲ့ WhatsApp အက်ပလီကေးရှင်းမှာ စကားပြောထားတဲ့ စာတွေထဲကနေ တရားမဝင်မူးယစ်ဆေးဝါးနှင့်ပတ်သတ်တဲ့ အချက်အလတ်တွေ တွေ့ရှိခဲ့တာကြောင့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

Google

WhatsApp မှာစကားပြောထားတဲ့ အကြောင်းအရာတွေအရ Aryan Khan ဟာ တရားမဝင် မူးယစ်ဆေးဝါးသုံးစွဲ ရောင်းချမှုတွေနဲ့ ပတ်သတ်ပြီး ဆက်စပ်မှုရှိနေတာကို တွေ့ရှိခဲ့ရတယ်။ ဒါကြောင့် Aryan Khan ကို အာမခံပေးလိုက်ရင် အလားတူပြစ်မှုမျိုး ထပ်မံမကြူးလွန်တော့ဘူးလို့ မပြောနိုင်ကြောင်း တရားသူကြီး VV Patil က သူ့ရဲ့ အမိန့်မှာ ပြောထားပါတယ်။

ဘောလိဝုဒ်သရုပ်ဆောင်တွေဖြစ်တဲ့ Salman Khan ၊ Hrithik Roshan နှင့် ဒါရိုက်တာ Farah Khan  တို့ကတော့ Shah Rukh Khan တို့သားအဖနှစ်ယောက်ကို အားပေးထောက်ပံ့ပေးခဲ့ကြပေမယ့် ဘောလိဝုဒ်ရုပ်ရှင် လောကကြီးထဲမှာတော့ တော်တော်များများက နှုတ်ဆိတ်နေခဲ့ကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ Aryan Khan ရဲ့  မိဘတွေဖြစ်ကြတဲ့  Shah Rukh Khan နှင့်   Gauri Khan တို့ကတော့ သားဖြစ်သူ ပြန်လည်လွတ်မြောက်လာစေဖို့အတွက် ရေကုန်ရေခမ်း ကြိုးစားနေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။