ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာလည်း မဟာသင်္ကြန်အခါတော်မှာ ဆင်နွှဲခဲ့ကြသလို တော်လှန်စိတ် တော်လှန်သွေးအပြည့်နဲ့ တော်လှန်သီတင်းကျွတ်ပွဲတော် အဖြစ်ခံယူခဲ့ကြတဲ့အနေနဲ့ ပြည်သူများနှင့် အနုပညာရှင်များက တော်လှန်သတင်းကျွတ်သပိတ်ကို ဆင်နွှဲခဲ့ကြပါတယ်။

Thar Htet Nyan Zaw
Kyaw Kyaw Htay Lwin
R Zar Ni

တော်လှန်သီတင်းကျွတ်သပိတ်ကို ဆင်နွှဲရသည့် အကြောင်းအရင်းမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ကြပါသော သူရဲကောင်းများကို အောက်မေ့ခြင်း ၊ အကျဉ်းထောင်အတွင်းမှ ရဲဘော်များကို ဂုဏ်ပြုခြင်း နှင့် တိုက်ပွဲဝင်ရဲဘော် ရဲဘက် အားလုံးအတွက် ဆုတောင်းမေတ္တာပို့သခြင်း ၊ တော်လှန်ရေးမီးတောက် မီးလျှံတွေ အရှိန်အဟုန်မပြတ် တောက်လောင်နေဆဲဆိုတာကို ပုံဖော်ပြသခြင်း စတဲ့ ရည်ရွယ်ချက်တွေနှင့် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

Phone Sett Thwin
Tin Mg San Min Win
Tay Zar San

တော်လှန်သီတင်းကျွတ်သပိတ်မှာ ပါဝင်ခဲ့ကြတဲ့ သူတွေထဲမှာ ဆရာတေဇဆန်း အပါအဝင် အနုပညာရှင်တွေဖြစ်ကြတဲ့ အာဇာနည် ၊ မင်းမော်ကွန်း ၊ ဒါရိုက်တာကိုပေါက် ၊ တင်မောင်ဆန်းမင်းဝင်း ၊ သာထက်ဉာဏ်ဇော် ၊ ဘုဏ်းဆက်သွင် စသည့် အနုပညာရှင်များလည်း ပါဝင်ခဲ့ကြပါတယ်။

Director Ko Pauk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။