ပရဟိတမင်းသမီးခိုင်နှင်းဝေဟာဆိုရင် နေ့စဉ်နေ့တိုင်း အလှူအတန်းတွေ လုပ်လေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့မှာလည်း အလှူအတန်းတွေ ဆက်လက်လုပ်နေခဲ့ပါတယ်။ သူမရဲ့ သီတင်းကျွတ်လပြည့်နေ့ အလှူကတော့ သက်ကြီးဘိုးဘွားအယောက် ၁၀၀ စာအတွက် အလှူပြုပေးခဲ့တာဖြစ်ပါတယ်။

Khine Hnin Wai
Khine Hnin Wai
Khine Hnin Wai

သက်ကြီးဘိုးဘွား အယောက် ၁၀၀ အတွက် အလှူငွေ (၅) ထောင်ကျပ် ၊ ဆန် (၃) ပြည်နှင့် ကော်ဖီထုပ်တို့ကို ခုနှစ်ရက်သားသမီးများ ဝါကျွတ်အလှူအဖြစ် လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။ အားလုံးပဲ လပြည့်နေ့မှာ ကုသိုလ်လေးများ ပွားများရင်း သာဓု သာဓု ခေါ်ဆိုပေးကြပါဦးရှင်လို့ ထပ်မံဆိုထားပါသေးတယ်။

Khine Hnin Wai

ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာ အစွန့်ပစ်ခံကလေးငယ်လေးများကို စောင့်ရှောက်ပေးနေတဲ့သူဖြစ်ရုံသာမက လူကြီးများအတွက်ပါ အလှူအတန်းတွေ ရတဲ့အချိန်မှာ တတ်နိုင်သမျှလှူဒါန်းပေးနေတဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။ ဘိုးဘွားတွေကို အလှူလုပ်ပေးနေတဲ့ ပုံရိပ်လေးတွေကို ဝင်ရောက်ကြည့်ရှုပြီး သာဓုခေါ်ဆိုသွားလိုက်ကြပါဦးနော်။ 

Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။