လွတ်မြောက်နယ်မြေမှာရောက်ရှိနေပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ပေးနေတဲ့ ပြည်သူ့မင်းသမီး မြနှင်းရည်လွင်ဟာဆိုရင် မကြာသေးမီက ကိုဗစ်ကပ်ရောဂါ ကူးစက်ခံထားရတယ်လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာရဲ့ My Day မှာတင်ထားပါတယ်။

Photo - Mya Hnin Yee Lwin

သူမဟာ အခက်အခဲတွေ အများကြီးကြားထဲကနေ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ အခုလို လူတိုင်းမလုပ်နိုင်တဲ့ အရာတစ်ခုကို ရဲရဲဝင့်ဝင့်လုပ်ပြနိုင်တဲ့သူတစ်ယောက်ပါ။ တောထဲကိုစတင်ရောက်ရှိစဉ်အခါကလည်း မြို့ပေါ်မှာ နေတဲ့သူတစ်ယောက်ဖြစ်တာကြောင့် တောခြင်ရိုင်းတွေရဲ့ ဒဏ်ကိုခံခဲ့ရပါသေးတယ်။

Photo - Mya Hnin Yee Lwin

အခုတစ်ခေါက်မှာလည်း တောထဲတောင်ထဲမှာနေရင်း ကိုဗစ်ကူးစက်ခံထားရတာဖြစ်ပါတယ်။ ပြည်သူတွေကလည်း ပြည်သူ့မင်းသမီး ကပ်ရောဂါဆိုးကြီးကို အမြန်ဆုံးတိုက်ထုတ်နိုင်ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့ ဆုတောင်းပေးထားကြပါတယ်။

Photo - Mya Hnin Yee Lwin

ဒါ့အပြင် သူမဟာ သီတင်းကျွတ်အခါသမယမှာ မြန်မာနိုင်ငံသူ ၊ နိုင်ငံသားများအားလုံး ကျန်းမာပျော်ရွှင် ၊ ဘေးကင်းလုံခြုံကြပါစေလို့ဆုတောင်းပေးရင်း ပြည်သူများအားလုံးကို ရင်ထဲကနေလွမ်းပါတယ်လို့ ပြောထားပါသေးတယ်။

Photo - Mya Hnin Yee Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။