The Rock လို့လူသိများတဲ့ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်ကြီး Dwayne Johnson ဟာဆိုရင် ရုပ်ရှင်ဇာတ်လမ်းတိုင်းလိုလိုမှာ အကောင်ကြီးကြီး ဗလတောင့်တောင့်နဲ့ ဖိုက်တာကြီးတစ်ယောက်လို နေရာကနေ ပါဝင်နေကြ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

Google

Dwayne Johnson ဟာ အသက် ၄၉ နှစ်အရွယ်ရှိတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သားသမီးတွေကိုအရမ်းကို ချစ်တဲ့သူပါ။ သူ့ဆီမှာ သမီးလေး သုံးယောက်ရှိပြီးတော့ သမီးလေးတွေရဲ့ နာမည်က Simone Alexandra Johnson ၊ Jasmine Johnson နှင့် Tiana Gia Johnson တို့ဖြစ်ကြပါတယ်။

Google
Google
Google

Dwayne Johnson က ဇာတ်လမ်းတွေထဲမှာ သရုပ်ဆောင်ရင် တကယ့်ဖိုက်တာကြီးတွေ အခန်းထဲကပဲ ပါလေ့ရှိတာကြောင့် ပရိသတ်တွေတော်တော်များများက သူ့ကိုမြင်ရင် တကယ့် လူကြမ်းကြီးတစ်ယောက်လိုပဲ မြင်ကြတာပါ။

Google
Google

ဒါပေမယ့် Dwayne Johnson ကို သမီးတွေနဲ့တွဲပြီး မြင်လိုက်တဲ့အချိန်မှာတော့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်သွားပါတယ်။ Dwayne Johnson က သမီးတွေကို အရမ်းချစ်ပြီး အလိုလိုက်တဲ့ ဟောလိဝုဒ်သရုပ်ဆောင် တွေထဲက တစ်ယောက်ဖြစ်ပြီး သမီးလေးတွေနဲ့အတူ ဆော့ကစားနေတဲ့ ပုံရိပ်လေးတွေဆိုရင် လူမှုကွန်ရက်ပေါ်မှာ အရမ်းကိုရေပန်းစားပါတယ်။ Dwayne Johnson ကြီး သမီးဖြစ်သူနဲ့ အတူတူ ဆော့ကစားနေတဲ့ ဓာတ်ပုံလေးတွေကို ဝင်ရောက်ကြည့်ရှုသွားကြပါဦးနော်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။