မင်းသမီး Park Ha Sun ဟာ အဆုတ်ရောင်ရောဂါနှင့် မကြာသေးမီက ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။ အောက်တို ဘာလ ၁၈ ရက်နေ့က SBS PowerFM ရေဒီယိုအစီအစဉ် “Park Ha Sun’s CineTown” မှသူတို့ရဲ့ တရားဝင်အင်စတာဂရမ်အကောင့်မှာ ရေဒီယိုအစီအစဉ်ရဲ့ DJ အဖြစ်ပါဝင်မယ့် မင်းသမီး Park Ha Sun တစ်ယောက် ဆေးရုံတင်လိုက်ရတာကြောင့် သူမအစား အထူးစပါယ်ရှယ်ဧည့်သည်တစ်ယောက်က လာရောက်ဖျော်ဖြေပေးမှာလို့ တရားဝင်ကြေညာထားပါတယ်။

Google

မင်းသမီး Park Ha Sun အောက်တိုဘာလ ၂၅ ရက်နေ့မှ ပြန်လည်ဖျော်ဖြေနိုင်မယ်လို့ သိရပြီး သူမရဲ့ ပရိသတ်တွေကိုလည်း သေချာပေါက်ပြန်ကောင်းလာမှာဖြစ်တယ်လို့ နှစ်သိမ့် ပေးထားပါတယ်။ အဲဒီအစား မင်းသမီးရဲ့ ခင်ပွန်းဖြစ်သူ မင်းသား Ryu Soo Young က သူ့အမျိုးသမီးနေရာအတွက် အစားထိုးအဖြစ် လာရောက်ဖျော်ဖြေပေးမှာဖြစ်ကြောင်း ကြေညာပေးထားပါတယ်။

Google

လက်ရှိမှာဆေးရုံတင်ထားရတဲ့ မင်းသမီး Park Ha Sun ရဲ့ အခြေအနေက အစားအစာ ၊ ရေတွေကို ပိုက်နဲ့ချိတ်ပြီး သွင်းနေရတဲ့အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

Google

မင်းသမီး Park Ha Sun နှင့် မင်းသား Ryu Soo Young တို့ဟာ ၂၀၁၃ ခုနှစ်က “Two Weeks” ဆိုတဲ့ဇာတ်လမ်းတွဲမှာ တွေခဲ့ကြတာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ စတင်ပြီး တွဲ ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး လက်ရှိမှာတော့ သမီးလေးတစ်ယောက်နဲ့အတူတူ ပျော်ရွှင်စွာနေထိုင်နေကြတဲ့ မိသားစုလေး ဖြစ်နေပါပြီ။ မင်းသမီး Park Ha Sun က မကြာသေးမီကလည်း “The Veil” ဆိုတဲ့ဇာတ်လမ်းလေးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။