ထိုင်းတော်ဝင်မင်းသမီး သီရိဒုံ (Princess Maha Chakri Sirindhorn) မှ ချီးမြှင့်တဲ့ ASEAN's Outstanding Teacher Award ဆုကို ၂၀၂၁ ခုနှစ်အတွက် မြန်မာနိုင်ငံကိုယ်စား လားရှိုးမြို့မှ ဆရာ Alex ခေါ် ဆရာဦးကျော်ဇင်အောင်မှ ရရှိသွားပါတယ်။

Facebook

ASEAN's Outstanding Teacher Award ဆုအတွက် ရွေးချယ်တဲ့နေရာမှာ များပြားလှတဲ့ စံညွှန်းပုံစံတွေရှိပါတယ်။ ဒါ့ကြောင့် အရွေးချယ်ခံရရင် ရရှိမယ့် ဆုကြေးငွေ ကလည်းတော်တော်လေးကို များပါတယ်။

Facebook
Facebook

ဆရာဦးကျော်ဇင်အောင်က အင်္ဂလိပ်စာဆရာတစ်ယောက်ဖြစ်ပြီး အသင်အပြကောင်းလွန်းတဲ့အပြင် စစ်ဘေးရှောင် တိုင်းရင်းသားတွေအတွက် အလှူငွေတွေ ကောက်ခံပေးနေတဲ့သူဖြစ်ပါတယ်။ စာတစ်ခုတည်းကိုပဲသင်တဲ့သူမဟုတ်ဘဲ စစ်ဘေးရှောင်ဒေသက လိုအပ်နေတဲ့နေရာတွေအတွက်ပါ ထောက်ပံ့ပေးနေတဲ့ဆရာတစ်ယောက်ပါ ။ သူ ရရှိမယ့် ဆုကြေးငွေထဲက ငွေကျပ် သိန်း ၅၀ ကိုလည်း စစ်ဘေးရှောင်တွေ အတွက် လှူဒါန်းသွားမယ်လို့ ဆရာ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပေးထားပါတယ်။ 

Facebook
Facebook

ဒါကြောင့်လည်း ထိုင်းတော်ဝင်  မင်းသမီး ကိုယ်တိုင် ချီးမြှင့်တဲ့ အာရှရဲ့ အကောင်းဆုံး ဆရာဆုကို ထိုက်ထိုက်တန်တန်ရရှိသွားတာဖြစ်ပါတယ်။ 

Facebook
Facebook
Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။