GMB Akash လို့အမည်ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူတစ်ယောက်ဟာ သောကြာနေ့တိုင်းမှာ ဆာလောင်နေတဲ့ လမ်းဘေးကကလေးတွေကို ခေါ်ယူပြီး အရသာရှိရှိစားကောင်းတဲ့ ဆိုင်ကောင်းကောင်း မှာ ခေါ်ယူ ကျွေးမွေးလေ့ရှိပါတယ်။ အခုလို လှူဒါန်းမှုတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်က အလှူရှင်တွေရဲ့ အလှူငွေတွေနဲ့ ကျွေးတာဖြစ်ကြောင်းလည်း ထပ်မံပြောထားပါတယ်။ အဆိုပါ အမျိုးသားပြောထားတဲ့ စကားလေးတွေကို ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။



“မင်္ဂလာပါ သူငယ်ချင်းတို့
သူငယ်ချင်းတို့ အားလုံးနေကောင်းကျန်းမာ ကြမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဒီအပတ်မှာလည်း Dhaka က လမ်းဘေးမှာ အရမ်းဒုက္ခရောက်နေတဲ့ ကလေးတွေကို ခေါ်ပြီး အရသာရှိရှိ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားစရာတွေရောင်းတဲ့ဆိုင်မှာ လှူဒါန်းကျွေးမွေးခဲ့ပါတယ်။ ဒီအလှူကို လူမှုကွန်ရက်စာမျက်နှာမှာ လာလှူကြတဲ့ မိတ်ဆွေတွေရဲ့ လှူဒါန်းမှုနဲ့ပြုလုပ်ပေးတာပါ။ ဒီနှစ် ၂၀၂၁ ခုနှစ်မှာဆိုရင် ဒီနေ့အချိန်အထိ ကမ္ဘာပေါ်မှာ ငတ်မွတ်ခေါင်းပါးပြီး ကွယ်လွန်သွားကြတယ်တဲ့ လူအရေအတွက်က ၇ သန်းကျော်သွားပါပြီး။ ကမ္ဘာကြီးမှာ ငတ်မွတ်မှုကြောင့် တစ်နေ့ကို ကလေး အယောက် ၁ သောင်းကျော်အပါအဝင် လူအယောက် ၂ သောင်းခွဲ အမြဲတမ်းကြွေလွင့်နေရတာပါ။ ဒါကြောင့် ကျွန်တော်လည်း တတ်နိုင်တဲ့ဘက်က လှူဒါန်းမှုလုပ်တဲ့အနေနဲ့ သောကြာနေ့ရောက်တိုင်း ဆာလောင်နေတဲ့ လမ်းပေါ်က ကလေးတွေကို စားသောက်ဆိုင်ခေါ်သွားပြီး ကျွေးဖြစ်တာပါ။”
_GMB Akash


လှူဒါန်းမှုလေးက မဆိုးရှာဘူးနော်။ အစားကောင်းလေးတွေစားရလို့ ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကိုလည်း ကလေးတွေ မျက်နှာမှာ အတိုင်းသာ မြင်တွေ့ရပါတယ်။


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။