ရန်ကုန်ဦးကျော်ဝေလို့ခေါ်တဲ့ သဘင်ပညာသည်ကြီးဟာ တစ်ခေတ်တစ်ခါတုန်းက လူသိများခဲ့တဲ့ သဘင်ပညာသည်ကြီးဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ လူငယ်တော်တော်များများ သတိမထားမိကြတော့ပါဘူး။ သဘင်ပညာရှင်ကြီး ရန်ကုန်ဦးကျော်ဝေဟာ အသက် (၇၈) နှစ်ပြည့် ဒီနေ့အောက်တိုဘာလ ၁၆ ရက်နေ့ မနက် ၅နာရီ ၁၀မိနစ်မှာ ကွယ်လွန်သွားတာဖြစ်တယ်လို့ သိရပါတယ်။

သဘင်ပညာရှင်ကြီး ရန်ကုန်ဦးကျော်ဝေဟာ သူ့ကိုယ်သူကြိုသိနေခဲ့သလိုလိုနဲ့ သူမကွယ်လွန်ခင်အချိန်ကလေးမှာ “ထွက်သက်လက်ဆောင်” ဆိုတဲ့ သီချင်းလေး တစ်ပုဒ်ရေးခဲ့တယ်လို့လည်း သိရပါတယ်။ လူ့ဘဝရဲ့ နောက်ဆုံးအချိန်အထိ အနုပညာကို ဖက်တွယ်တန်ဖိုးထားခဲ့တဲ့ သဘင်ပညာရှင်ကြီး ရန်ကုန်ဦးကျော်ဝေရဲ့ အနုပညာချစ်စိတ်ကတော့ တကယ့်ကို လေးစားဖို့ကောင်းလွန်းလှပါတယ်။ သဘင်ပညာရှင်ကြီး ရန်ကုန် ဦးကျော်ဝေရေးခဲ့တဲ့ “ထွက်သက်လက်ဆောင်” ဆိုတဲ့ သီချင်းလေးကိုလည်း အောက်မှာ နားဆင်ခံစားသွားနိုင်ပါတယ်။

Moe Sat' Facebook
Moe Sat's Facebook

မိမိတောက်လျှောက်ကူညီထောက်ပံ့ပေးနေတဲ့ သဘင်ပညာရှင်ကြီး ကွယ်လွန်သွားခဲ့ရတဲ့အတွက်လည်း လူရွှန်တော်မိုးစက်က “အနုပညာကိုသေတဲ့အထိ ဖက်တွယ်သွားတဲ့ဖေကြီး ကောင်းရာမွန်ရာရောက်ပါစေ”လို့ ဆုတောင်းပေးထားပါသေးတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။