ပရဟိတ မင်းသမီး ခိုင်နှင်းဝေဟာဆိုရင် ဘဝပေးကံအကျိုးမပေးလှတဲ့ မွေးရာပါအူကလီစာများထွက်နေတဲ့ ကလေးလေးနှစ်ယောက် ရှမ်းပြည်နယ်ကတစ်ယောက် ပုသိမ်ကတစ်ယောက်ကို တာဝန်ယူဆေးကုပေးနိုင်ဖို့အတွက် ခေါ်ယူပေးခဲ့ပေမယ့် ကလေးလေးတွေကတော့ အသက်မရှင်သွားနိုင်ခဲ့ပါဘူး။

Khine Hnin Wai's Facebook

ရှမ်းပြည်နယ်က ကလေးလေးက အရင်ဆုံးပါးသွားတာဖြစ်ပြီး မနေ့က ပုသိမ်ဘက်ကကလေးငယ်လေးပါ ထပ်မံဆုံးပါးသွားတယ်လို့ သိရပါတယ်။ ကလေးလေးက အသက် ၁၄ ရက်သာ ရှင်သန်ခွင့်ရသွားပြီး ကလေးငယ်လေးရဲ့ မိဘတွေကိုယ်တိုင်လည်း ယူကြုံးမရဖြစ်နေကြတယ်လို့ သူမလူမှုကွန်ရက်စာမျက်နှာလေးမှာ ရေးတင်ထားပါတယ်။

Khine Hnin Wai's Facebook

နောက်ဘဝမှာ ကျန်းမာသန်စွမ်းတဲ့ ကလေးလေးတွေအဖြစ် ပြန်လည်ဝင်စားနိုင်ဖို့လည်း ဆုတောင်းပေးထားပါသေးတယ်။ သူမကိုယ်တိုင်လည်း အတတ်နိုင်ဆုံးကယ်တင်ပေးနိုင်ဖို့ ကြိုးစားခဲ့ပေးမယ့် မကယ်တင်လိုက်နိုင်တာကိုလည်း တော်တော်စိတ်မကောင်းဖြစ်နေပါတယ်။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။