တောင်ကိုရီးယားအဆိုတော် သရုပ်ဆောင် IU ဟာဆိုရင် သူမရဲ့ ဖျော်ဖြေရေးသတ်တမ်း ၁၃ နှစ်ပြည့် နှစ်ပတ်လည်လ စက်တင်ဘာလမှာ  မရှိဆင်းရဲသားတွေအတွက် အမေရိကန်ဒေါ်လာ ၁ သန်း နီးပါး တန်ကြေးရှိတဲ့ လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။

Google

သူမလှူဒါန်းမှုတွေထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေထဲက အစားအသောက်နှင့်ဆေးဝါးတွေကို ပရဟိတအဖွဲ့အစည်းတွေထံကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ဖိနပ် အရံ ၁၀၀၀ ၊ ဆောင်းရာသီဝတ်စုံနှင့် အပေါ်ဝတ်ကုတ် အင်္ကျီ အထည် ၂၀၀၀ ၊ ခြုံစောင် ၃၀၀ နှင့် အရေးပေါ်ဆေးဝါးပစ္စည်း အမျိုး ၂၀၀၀ တို့ကိုလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သူမအသက် ၂၈ နှစ်ပြည့်ခဲ့တဲ့ မေလ ၁၆ ရက်နေ့တုန်းကလည်း ဝမ် သန်း ၅၀၀ လှူဒါန်းခဲ့ပါသေးတယ်။ IU ဟာ ၂၀၀၈ ခုနှစ် စက်တင်ဘာ (၁၈)  မှာ စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့မျက်နှာလေး ၊ ချိုမြိန်တဲ့ အသံလေးနဲ့ ယနေ့အထိအောင်မြင်မှုရရှိနေတဲ့ ကောင်မလေးဖြစ်ပါတယ်။

Google
Google

IU ရဲ့ နာမည်အရင်းက Lee Ji-eun ဖြစ်ပါတယ်။ သူမဟာ အဆိုတော်တစ်ယောက်ဖြစ်သလို Moon Lovers: Scarlet Heart Ryeo (2016) ၊ My Mister (2018) နှင့် Hotel Del Luna (2019) စတဲ့နာမည်ကြီး ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာလည်း အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ IU ရဲ့ အယ်လ်ဘမ် အသစ်လေးဖြစ်တဲ့ Strawberry Moon ဟာဆိုရင်လည်း လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။