တောင်ကိုရီးယား သရုပ်ဆောင်မင်းသား Lee Seo Ho ဟာဆိုရင် တိုင်းတစ်ပါးမှာရှိနေပေမယ့် မြန်မာလူမျိုးတွေနဲ့ တစ်သားတည်းရပ်တည်ပေးနေတဲ့ တောင်ကိုရီးယားလူမျိုး သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

Lee Seo Ho's Facebook
Lee Seo Ho's Facebook

Lee Seo Ho ဟာ မြန်မာပြည်အတွက် ရန်ပုံငွေအလှူခံပွဲတွေမှာ ပါဝင်ပေးခဲ့ရုံမက မြန်မာလူမျိုးတွေကို စိတ်ဓာတ်ခွန်အား ဖြစ်စေဖို့ အမျိုးမျိုး ကြိုးစားပေးနေတဲ့သူဖြစ်ပါတယ်။ အခုအချိန်မှာလည်း သူက မြန်မာစကားကို လေ့လာထားတာကြောင့် မြန်မာလိုလေး မပီပလာ ပီကလာလေးပြောရင်း ဘေးကင်းလုံခြုံဖို့အတွက် ဆုတောင်းပေးထားတာဖြစ်ပါတယ်။ ဗီဒီယိုလေးကို အောက်မှာဝင်ကြည့်သွားနိုင်ပါတယ်။

Lee Seo Ho's Facebook

ဒီဗီဒီယိုလေးက Lee Seo Ho အချိန်မအားတဲ့ကြားကနေ မြန်မာပြည်သူတွေအတွက် ရအောင် ရိုက်ကူးပေးထားတဲ့ ဗီဒီယိုလေးဖြစ်ပြီး လက်သုံးချောင်ထောင်ကာ သေသေချာချာ ဓာတ်ပုံလေးတွေပါ ရိုက်တင်ချင်ပေမယ့် အချိန်မအားတာကြောင့် မရိုက်ဖြစ်ဘဲ အခုလို ဗီဒီယိုလေးပဲ တင်ဖြစ်တာလို့ သိရပါတယ်။

Lee Seo Ho's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။