တောင်ကိုရီးယားနာမည်ကြီးသရုပ်ဆောင်မင်းသမီး Hwang Jung Eum ဟာဆိုရင် ဒုတိယကလေးလေး ကိုယ်ဝန်လွယ်ထားရပြီပဲ ဖြစ်ပါတယ်။ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ သူမရဲ့ အေဂျင်စီဖြစ်တဲ့ C-jeS Entertainment က -

“မင်းသမီးကို စစ်ဆေးကြည့်လိုက်တဲ့အချိန်မှာ သူမမှာလက်ရှိကိုယ်ဝန်ရှိနေပါပြီ။ နောက်နှစ်မှာဖွားမြင်ဖို့ ရာထားပါတယ်။” လို့ အတည်ပြုပြောကြားပေးထားပါတယ်။

Google

မင်းသမီး Hwang Jung Eun ရဲ့ အမျိုးသား Lee Young Don ဟာ ဂေါက်ရိုက်ကစားသမားဟောင်း ဖြစ်ပြီး လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၆ ခုနှစ်တုန်းက လက်ထပ်ခဲ့ကြပြီး ၂၀၁၇ ခုနှစ်မှာ ကလေးလေး တစ်ယောက် မွေးဖွားခဲ့ပါတယ်။

Google

မင်းသမီး Hwang Jung Eun ဟာ စက်တင်ဘာလ ၂၀၂၀ ခုနှစ်မှာ သူမအမျိုးသားဖြစ်သူ Lee Young Don နှင့် ကွာရှင်းဖို့ အဆိုတင်သွင်းခဲ့ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ မကွာရှင်းတော့ဖို့ ပြန်လည်ဆုံးဖြတ်ခဲ့ကြပါတယ်။

အခုလက်ရှိမှာတော့ ဒုတိယမြောက်ကလေးလေးကို ကိုယ်ဝန်ဆောင်ထားရပြီပဲဖြစ်ပါတယ်။ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် မကွာရှင်းဖြစ်ဘဲ အခုလိုမျိုး နောက်ထပ် ဒုတိယရင်သွေးလေးကိုပါ ထပ်မံကိုယ်ဝန်ဆောင်ထားရတာကြောင့် ပရိသတ်တွေက အများကြီးကို ဝမ်းသာနေကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။