ကမ္ဘာကျော်ဘောလုံးသမားဒေးဗစ်ဘက်ခမ်းနှင့်စူပါဒီဇိုင်နာဗစ်တိုးရီးယားဘက်ခမ်းတို့ဟာ၁၉၉၉ခုနှစ်ကတည်းကလက်ထပ်ခဲ့ကြသူတွေပါ။လက်ထပ်ပြီးနောက်မှာသားသမီး၄ယောက်ထွန်းကားခဲ့ပြီးHarper လေးကတော့အငယ်ဆုံးသမီးလေးဖြစ်ပါတယ်။

Facebook

ဒေးဗစ်ဘက်ခမ်းတို့မိသားစုဟာအရမ်းစည်းလုံးပြီးလူတကာအားကျရတဲ့မိသားစုလေးဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်းဒေးဗစ်ကသူ့အငယ်ဆုံးသမီးလေးအတွက်ဂုဏ်ယူကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားပါတယ်။

Google

သမီးဖြစ်သူHarperSeven ဟာဂျူဒိုပြိုင်ပွဲမှာငွေတံဆိပ်ဆုရခဲ့တာကြောင့်ဖခင်ဖြစ်သူဒေးဗစ်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဂုဏ်ယူကြောင်းတင်ထားတာဖြစ်ပါတယ်။

Silver medal ?Sunday ❤️my little judo star ❤️#HarperSeven

လို့ရေးတင်ထားပြီးသမီးဖြစ်သူရဲ့အောင်မြင်မှုအတွက်ဝမ်းသာဂုဏ်ယူနေတာဖြစ်ပါတယ်။ဒေးဗစ်ဘက်ခမ်းတို့ကတော့သမီးလေးကိုတော်တော်ချစ်တဲ့ပုံပဲနော်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။