BTS အဖွဲ့ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ကလေး လူငယ် ကျားမမရွေးအားပေးခံထားရတဲ့ အဖွဲ့ဖြစ်ပါတယ်။မကြာသေးမီကလည်း Grammy ဆုရင် Kurt Elling က BTS  အဖွဲ့ဝင်တွေထဲက V ကိုသဘောကျကြောင်း V နှင့်အတူတူ ပူးပေါင်းမှုလုပ်ချင်ကြောင်းဆိုထားပါတယ်။

Google

အကြောင်းအရင်း ဖြစ်လာပုံက ပရိသတ်တစ်ယောက်က Kurt Elling ရဲ့ အင်စတာဂရမ်ဓာတ်ပုံတစ်ပုံအောက်မှာ သူတို့နှစ်ယောက်အတူတူသီချင်းတစ်ပုဒ် လုပ်တာကိုမြင်ချင်ကြောင်း comment လေးဝင်ရေးထားပါတယ်။ Comment ပေးထားသူလေးက စာပြန်တာကို မမျှော်လင့်ထားတဲ့ပုံစံရေးလိုက်ပေမယ့် Elling က  “ကျေးဇူးပါ။ ကျွန်တော်လည်းထပ်တူမျှော်လင့်ပါတယ်လို့” စာလေးပြန်ခဲ့ပါတယ်။

Google

ဒါ့အပြင် Elling ရဲ့ အင်စတာဂရမ်စတိုရီမှာလည်း V – Kim Taehyung နှင့် အတူတွဲပြီးသီချင်းလုပ်ဖို့ အမြဲတမ်းကြိုဆိုနေပါတယ်လို့ ရေးထားပါတယ်။

Google

Variety ရှိုးတစ်ခုမှာလည်း BTS အဖွဲ့ဝင်တွေကို ဘယ်သူနဲ့ပူးတွဲပြီး သီချင်းလုပ်ချင်လဲလို့မေးလိုက်တဲ့အချိန်မှာ V က Kurt Elling ကိုရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် V နှင့် Kurt Elling တို့က တစ်ယောက် အနုပညာကို တစ်ယောက်လေးစားနေကြတဲ့သူတွေပါ။

Google

ဒါကြောင့် Elling နှင့် V တို့အတူတွဲလုပ်ထားတဲ့ သီချင်းလေးကို မြင်ရကောင်းမြင်ရနိုင်တယ်လို့ ပရိသတ်တွေကသုံးသပ်ထားကြတာဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။