Victoria Salcedo ဟာ Miss Universe အီကွေဒေါ 2021 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပါတယ်။သူမဟာ အသက် ၂၃ နှစ်အရွယ်သာရှိသေးပြီး ပြိုင်ပွဲမှာ Miss အီကွေဒေါ အလှမယ်အဖြစ် ဆုရရှိခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ကမ္ဘာပေါ်က လူအများရဲ့ နှလုံးသားကိုဖမ်းစားနိုင်ခဲ့ပါတယ်။

Facebook
Facebook

သူမအသက် ၅ နှစ်အရွယ်မှာ ကြီးမားတဲ့ မတော်မဆမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ တင်းမာနေတဲ့ ကေဘယ်လ်ကြိုးနဲ့ ထိမိသွားတာကြောင့် သူမရဲ့ လက်နှစ်ဖက်နှင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရပြီး သူမမှာ ခြေထောက်တစ်ဖက်သာရှိပါတော့တယ်။ သူမရဲ့ ဘယ်ဘက်ခြေထောက်ကိုတော့ ခြေတုတပ်ဆင်ထားတာပါ။

Facebook

ကြီးမားတဲ့မတော်တဆမှုကြီးက သူမရဲ့ အိပ်မက်တွေကို မရပ်တန့်လိုက်နိုင်ပါဘူး။ သူမဟာ journalism နှင့် Influencer ပညာကို သင်ကြားဆည်းပူးနေပြီ ရေးကူးအပါအဝင် အခြား Miss Universe တစ်ယောက်တတ်ထားရမယ့် ပညာတွေကိုပါ အခက်အခဲမရှိရအောင် သင်ယူနိုင်ပါတယ်။

Facebook

အရမ်းအရမ်းကိုတော်တာပဲနော်။ လက်နှစ်ဖက် ခြေထောက်နှစ်ဖက် အပြည့်ရှိတဲ့သူတွေတောင် မလုပ်နိုင်တဲ့ တချို့အရာတွေကိုပါ Queen Victoria ကလုပ်နိုင်တာနော်။ စိတ်ဓာတ်က အရမ်းကိုလေးစားဖို့ကောင်းပါတယ်။

Facebook
Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။