ဘောလိဝုဒ်သရုပ်ဆောင်မင်းသား Shah Rukh Khan ရဲ့ ၂၃နှစ်အရွယ်သားဖြစ်သူဟာ  မွမ်ဘိုင်းအကျဉ်းထောင်ကို ရောက်နေခဲ့တာ ပြီးခဲ့တဲ့ သောကြာနေ့ကတည်းကဖြစ်ပါတယ်။

ဒီနေ့အတွက်လည်း Aryan Khan အတွက်အာမခံမရရှိသေးဘူးလို့သိရပါတယ်။ ဒီအကြိမ်နဲ့ဆို အာမခံ မရရှိတာ စုစုပေါင်း ၃ ကြိမ်ရှိနေပါပြီ။ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ အာမခံတင်သွင်းထားတာကို ကြားနာဖို့ရှိတယ်လို့သိရပါတယ်။ ဒါပေမယ့် ရလာဒ်ကတော့ သိပ်တော့ မသေချာသေးပါဘူး။

Google

Aryan Khan က အသက် ၂၃ နှစ်အရွယ်ဖြစ်ပြီး ဘောလိဝုဒ်ရဲ့နာမည်ကြီးမင်းသား Shah Rukh Khan ရဲ့သားဖြစ်ပါတယ်။ Aryan Khan နှင့် သူ့သူငယ်ချင်း Arbazz Merchant တို့အပါအဝင် စုစုပေါင်း ၉ ယောက်ဟာ အပန်းဖြေသင်္ဘောကြီးပေါ်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့အမှုနဲ့ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးဆန့်ကျင်ရေး အေဂျင်စီကသူတို့ဘက်ကအဖြေကိုတင်ပြဖို့ သောကြာနေ့အထိအချိန်ထပ်ပေးဖို့အတွက် တရားရုံးကိုတင်ပြထားပါတယ်။ ဒါပေမယ့် တရားရုံးဘက်က သောကြာနေ့အထိ မစောင့်ပေးဘဲ ဗုဒ္ဓဟူးနေ့ မနက်မှာလုပ်ဖို့ NCB ဘက်ကို မှာကြားလိုက်တာကြောင့် Aryan Khan ရဲ့ အာမခံတင်သွင်းချက်နောက်တစ်ခုကို ဗုဒ္ဓဟူးနေ့မှာ ပြောင်းလုပ်မှာဖြစ်တယ်လို့သိရပါတယ်။

Instagram

Aryan Khan ရဲ့ ရှေ့နေကတော့ ဒီနေ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ အာမခံတင်သွင်းထားတာကို ဒီနေ့ကြားနာနိုင်ဖို့ တောင်းဆိုထားတာဖြစ်ကြောင်း Aryan Khan အနေနဲ့လည်း ဘာဆေးသုံးစွဲထားမှုမှမရှိကြောင်း ပြောထားပါတယ်။ ဒါပေမယ့်လည်း ပယ်ချခံလိုက်ရပြီး ဗုဒ္ဓဟူးနေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်ပါတယ်။

Google

NCB ဘက်ကတော့ Aryan Khan အနေနဲ့အခုလို အသည်းအသန်အာမခံရရှိဖို့ကြိုးစားနေတာဟာ သူတို့ရရှိထားတဲ့ သက်သေတွေအပေါ်လွှမ်းမိုးမှု ရှိလာပြီး စုံစမ်းစစ်ဆေးရေးကိုပါ ထိပါးနှောင့်ယှက်လာနိုင်တယ်လို့ဆိုထားပါတယ်။ Aryan Khan အနေနဲ့ အခြားအဖမ်းခံရသူများနှင့် တန်းတူ အမှုစစ်ဆေးခံရန် လိုအပ်ကြောင်းကိုလည်း ထပ်မံပြောထားပါတယ်။

Aryan Khan ရဲ့ ရှေ့နေ Satish Maneshinde ကတော့ Aryan Khan တစ်ယောက် မူးယစ်ဆေးဝါးသုံးစွဲထားခြင်းမရှိထားတာကြောင့် အခြားအဖမ်းခံရသူများနှင့် တန်းတူ အမှုစစ်ဆေးခံရဖို့မလိုအပ်ကြောင်း ငြင်းဆန်ထားပါတယ်။ အကြောင်းအရာလေးကို အောက်ကဗီဒီယိုလေးထဲမှာလည်း ဝင်ရောက်ကြည့်သွားလို့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။