လူသားတွေလိုအဝတ်တွေထိုင်လျှော်နေတဲ့ချင်ပင်ဇီ (အာဖရိကတိုက်ရှိ မျောက်ဝံငယ်) လေးရဲ့ ဗီ ဒီယိုလေးတစ်ခုဟာ လူမှုကွန်ရက်စာမျက်နှာမှာ အရမ်းကိုရေပန်းစားလျှက်ရှိပါတယ်။

Instagram

ချင်ပင်ဇီတွေက အရမ်းကိုဉာဏ်ကောင်းတဲ့ တိရစ္ဆာန်လေးတွေဆိုတာ ငြင်းလို့မရတဲ့အမှန်တရားတစ်ခုပါ။ သူတို့ကအတုယူတတ်တာ မြန်ဆန်ပြီး အထူးသဖြင့် လူသားတွေပုံစံကို လိုက်လုပ်တဲ့နေရာမှာ အရမ်းကိုတော်ပါတယ်။

လူသားတွေနဲ့ချင်ပင်ဇီတွေက ဒီအန်အေစစ်ချက်အရ ၉၈.၈ရာခိုင်နှုန်းလောက်ထိ ကိုက်ညီမှုရှိပါတယ်။ဒါကြောင့်အခုလို ချင်ပင်ဇီတစ်ကောင်က လူတစ်ယောက်လိုမျိုး အဝတ်လေးတွေ လျှော်နေတာပါ။ဒီအတိုင်းပြောရင်ယုံကြည်နိုင်မှာ မဟုတ်တာကြောင့် ဗီဒီယိုလေးကြည့်ပြီးချင်ပင်ဇီလေး အဝတ်လျှော်နေတာကိုကြည့်သွားလိုက်ပါနော်။အရမ်းကို ချစ်ဖို့ကောင်းပါတယ်။

ဗီဒီယိုလေးထဲမှာ ချင်ပင်ဇီ  လေးက စမ်းချောင်းတစ်ခုလေးဘေးနားမှာ အဝတ်လေးတွေလျှော်နေတာကိုတွေ့ရမှာပါ။ သူကငုတ်တုတ်ထိုင်ချပြီး အဝါရောင် အဝတ်လေးကို လျှော်နေတာပါ။အဝတ်လေးအပေါ်ကိုဆပ်ပြာလေးတိုက်လိုက် လျှော်လိုက်လုပ်နေပုံလေးက အရမ်းကိုချစ်ဖို့ကောင်းပါတယ်။ ရေကိုတော့စမ်းချောင်းလေးက ကျနေတဲ့ရေလေးကိုသုံးနေတာပါ။

ချင်ပန်ဇီကတကယ့်ကို လူသားပုံစံဖြစ် ကွက်တိအမူအယာလုပ်ပြနိုင်သွားတာနော်။ တိရစ္ဆာန်လေး တစ်ကောင်က ဒီလိုလူသားပုံစံမျိုး အဝတ်လျှော်ပြနိုင်တာ တကယ့်ကို ထူးဆန်းတဲ့ မြင်ကွင်းလေးပါ။ ဒီဗီဒီယိုလေးကို Sachin Sharma လို့ခေါ်တဲ့သူက သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားတာဖြစ်ပါတယ်။ ဗီဒီယိုလေးကို ကြည့်ရှုတဲ့ အရေအတွက်ဟာလည်း ၉ သောင်းကျော်ထိ ရောက်ရှိသွားပါပြီ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။