မနေ့ကတောင်ဒဂုံ ၂၆ ရက်ကွက် ရဲရင့်အောင်လမ်းမှာ လာရောက်စွန့်ပစ်သွားတဲ့ သမီးလေးကို မွေးစားလိုက်ပြီလို့ ပရဟိတမင်းသမီးခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ထားပါတယ်။

Photo - Khine Hnin Wai's Facebook
Photo - Khine Hnin Wai's Facebook

စွန့်ပစ်သွားတဲ့ကလေးလေးက အသက် ၇ ရက်ဝန်းကျင်ခန့်လောက်သာရှိသေးပြီး ချက်ကြွေကာစလေးလို့သိရပါတယ်။ ကလေးလေးမှာ အပူဖုတွေပေါက်နေပြီး သွေးအညစ်အကြေးတွေကိုတောင်း သန့်စင်မထားဘူးလို့ ခိုင်နှင်းဝေက သူမလူမှုစာမျက်နှာမှာ ရေးတင်ထားပါတယ်။ ကလေးလေးကို ကောက်ရတဲ့အိမ်နားပတ်ဝန်းကျင်က နို့တိုက်ပေးပြီး သနပ်ခါးလေးတွေ လိမ်းပေးတားတယ်လို့ သူမလူမှုစာမျက်နှာမှာ ရေးတင်ထားပါတယ်။ ကလေးလေးတွေကို အခုလို အကောင်းတိုင်း တွေ့နိုင်သလို မိုးမိ ၊ ခွေးဆွဲ ၊ ကြွက်ဆွဲ အသက်သေဆုံးမှုများရှိနိုင်တာကြောင့် ကလေးလေးတွေကို အခုလို အလွယ်တကူ လမ်းပေါ်မှာ မစွန့်ပစ်ကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါသေးတယ်။

Photo - Khine Hnin Wai's Facebook

ပရဟိတမင်းသမီးခိုင်နှင်းဝေဟာ အနယ်နယ်အရပ်ရပ်မှ အစွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးလေးတွေ မွေးရာပါရောဂါဖြစ်နေတဲ့ ကလေးလေးတွေကို ခေါ်ယူမွေးစားလေ့ရှိတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး သူမရဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ မှာဆိုရင်လည်း ကလေးလေးတွေအရေအတွက် တော်တော်လေးများနေပြီပဲဖြစ်ပါတယ်။

Photo - Khine Hnin Wai's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။