Girls’ Generation အဖွဲ့ဝင် Seohyun ဟာ ကြော့ရှင်းရည်မွန်နဲ့ မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့ အရမ်းကိုလှပတဲ့ကောင်မလေးပါ။ သူမဟာ အရမ်းကိုချစ်ဖို့ကောင်းလွန်းလို့ ဝတ်လိုက်တဲ့အဝတ်အစားတိုင်းနဲ့လည်း လိုက်ဖက်မှုရှိနေတဲ့သူလေးဖြစ်ပါတယ်။ 

Photo - Google

သူမကဈေးကြီးတဲ့ တန်ဖိုးကြီးအမှတ်တံဆိပ်တွေကို ဝတ်လေ့ဝတ်ထရှိပေမယ့် အခုတစ်ခါမှာတော့ ရိုးရှင်းတဲ့ တန်ဖိုးနည်းအဝတ်လေးကိုသာ ဝတ်ထားပြီးလှပနေပါတယ်။ 

Photo - Google

ဒီတစ်ခေါက်မှာသူမ ထူးထူးခြားခြားဝတ်ထားတဲ့ အဝတ်လေးက အမေရိကန် ဒေါ်လာ ၃၀ တန်လေးပဲဖြစ်ပါတယ်။ တန်ဖိုးနည်းဝတ်စုံလေးဖြစ်ပေမယ့် ဈေးနည်းတဲ့ပုံစံနဲ့မတူအောင်ကို အရမ်းကိုလိုက်ဖက်မှုရှိနေတာပါ။ သူမက ဒီဝတ်စုံလေးကို ဒရမ်မာ အသစ် “The Jinx’s Lover” ရိုက်ကူးနေတဲ့အချိန်မှာဝတ်ခဲ့တာဖြစ်ပါတယ်။

Photo - Google

ဟုတ်ပါတယ်။ ဒီဂါဝန်လေးက Soehyun ဝတ်လိုက်လို့ ပိုပြီးလှသွားတာပါ။ ဘာလို့ဆိုသူမရဲ့ ကြော့ရှင်းလှပမှုလေးက ဒေါ်လာ ၃၀ ထက်ကိုပိုတန်ဖိုးရှိနေလို့ပါ။ ဒီဖြစ်စဉ်လေးက  “အဝတ်အစားရဲ့ တန်ဖိုးဆိုတာ ဈေးကြီးသည်ဖြစ်စေ။ ဈေးနည်းသည်ဖြစ်စေ။ ဝတ်တဲ့သူအပေါ်မှာပဲမူတည်သွားတာပါ။” ဆိုတဲ့ စကားလေးတစ်ခွန်းကို သတိရသွားစေပါတယ်။ Seohyun ကတော့တကယ့်ကို အမိုက်စားကောင်မလေးပါပဲနော် ။

Photo - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။