ဒီကနေ့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ တောင်ဒဂုံ (၂၆) ရက်ကွက် ၊ ရဲရင့်အောင်လမ်းမှာ မွေးကာစသမီးလေးတစ်ယောက်ကို စွန့်ပစ်ထားခဲ့ကြောင်း ရက်ကွက်နေပြည်သူများက ပရဟိတ မင်းသမီးခိုင်းနှင်းဝေထံကို ဆက်သွယ်အကြောင်းကြားခဲ့ကြပါတယ်။

Photo - Khine Hnin Wai's Facebook

ဒါကြောင့် သူမဟာ ကလေးငယ်လေးကို သွားရောက်ခေါ်ဆောင်ဖို့ ဖြစ်စဉ်ကို စုံစမ်းနေတယ်လို့သိရပါတယ်။လိုအပ်တာများကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပြီး ကလေးငယ်လေးအတွက်များစွာစိတ်မကောင်းဖြစ်မိကြောင်း ပရဟိတမင်းသမီးခိုင်နှင်းဝေမှ သူမရဲ့လူမှုကွန်ရက် စာမျက်နှာမှာတင်ထားပါတယ်။

Photo - Khine Hnin Wai's Facebook
Photo - Khine Hnin Wai's Facebook

"တောင်ဒဂုံ (၂၆) ရပ်ကွက် ၊ ရဲရင့်အောင်လမ်း မှာ မွေးကာစ သမီးလေး တစ်ယောက်ကို စွန့်ပစ်သွားကြောင်း ၊ ဂေဟာ သို့ ပို့ချင်ကြောင်း ရပ်ကွက်မှ ဆက်သွယ် အကူအညီတောင်းလာပါတယ်..ဖြစ်စဉ်များကို ရပ်ကွက် အကူအညီ နဲ့ စုံစမ်းထားပြီး လိုအပ်တာများ ဆက်လက် လုပ်ဆောင်ရင်း ကလေး အတွက်  စိတ်မကောင်းလဲ ဖြစ်မိပါတယ်ရှင်..???…"

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။